မော်စကို၊ ဖေဖော်ဝါရီ ၄
နှစ်နိုင်ငံခေါင်းဆောင်များကြား ရရှိထားသော သဘောတူညီချက်များနှင့်အညီ ရုရှားနိုင်ငံသည် ၎င်း၏ Oreshnik ဒုံးကျည်စနစ်များကို ဘီလာရုစ်နိုင်ငံတွင် ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း ရုရှားအကြီးတန်း သံတမန်တစ်ဦးက အင်္ဂါနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
“ကျွန်ုပ်တို့၏မဟာမိတ်ကတိကဝတ်များနှင့်အညီ ရုရှားသည် Minsk မြို့ကိုလိုအပ်သော ပံ့ပိုးကူညီမှုများ ပေးကာ ကျွန်ုပ်တို့၏ဘုံ ခုခံကာကွယ်ရေးနေရာကိုအကာအကွယ် ပေးရန် လိုအပ်သည်များကို ဆောင်ရွက်ရန် အသင့်ရှိည်”ဟုရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဲလစ်ဆေး ပိုလစ်ချုခ် က တာ့စ် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ဤသဘောတူညီချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တာလတ်ပစ် ပဲ့ထိန်း Oreshnik ဒုံးကျည်များကို ဘီလာရုစ်နိုင်ငံတွင် ချထားမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ပိုလစ်ချုခ် က ဘီလာရုစ်နိုင်ငံတွင် ပူးတွဲဒေသတွင်း တပ်ဖွဲ့များအုပ်စု၊ ခေတ်မီရုရှားကာကွယ်ရေးစနစ်များနှင့် မဟာဗျူဟာမြောက် မဟုတ်သော နျူကလီးယားလက်နက်များကို အိမ်ရှင်အဖြစ် လက်ခံထားပြီးဖြစ် ကြောင်း၊နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် လုံခြုံရေးအေဂျင်စီများသည် ပြည်ပနှင့်ပြည်တွင်းခြိမ်းခြောက်မှုများကို လွတ်လပ်စွာကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် ဘီလာရုစ်သမ္မတ အလက်စန္ဒာ လုကာရှန်ကို က “ရုရှား၏ Oreshnik အသံထက်မြန်သော ဒုံးကျည်စနစ်သည် Belarus နိုင်ငံသို့ ယခုအခါ မည်သည့် နေ့၌မဆို ရောက်ရှိမည်” ဟု ကြေညာခဲ့ပြီး အဆိုပါစနစ်ကို စမိုလန်စက် ဒေသအနီးတွင် ဖြန့်ကျက်ထားမည်ဟု ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ