မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ စက်တင်ဘာ ၂၂ ရက်ည ၆ နာရီခန့်က ဘီယာများတင်လာသည့် (၆)ဘီးကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ထံမှ သိရသည်။
(၆)ဘီးကားတိမ်းမှောက်ရာသို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ ကူညီကယ်ဆယ်မှုများသွားရောက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ABC ဘီယာများတင်လာသည့် (၆)ဘီးကားတိမ်းမှောက်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။
