ဘိလပ်မြေများကို သင့်တင်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် နစက ဥက္ကဋ္ဌက အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂ဝဝ) သို့ သွားရောက်စစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းတွင် ပြည်တွင်းရှိဘိလပ်မြေစက်ရုံများ၏ ကုန်ထုတ်လုပ်နိုင်မှု စွမ်းအားများကိုလည်းကောင်း၊ စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက်ဘိလပ်မြေ များထုတ်လုပ်ရောင်းချပေးနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်များအား ဖြည့်ဆည်းပေး နိုင်ရေးဆောင်ရွက်ရန်၊ သင့်တင်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးဆောင်ရွက်ပေးသွားရန်၊ ကုန်ထုတ်စွမ်းအားများ စက်စွမ်းအားအလိုက် စွမ်းအားပြည့်လည်ပတ် ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန် နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံ (၉)ရုံမှ ပြင်းထန်သည့် ငလျင်မလှုပ်ခတ်မီ ဖေဖော်ဝါရီလတွင် တန် (၆၃) သိန်းကျော်ထုတ် လုပ်နိုင်ခဲ့ပြီး မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံ(၄)ရုံနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ ဘိလပ်မြေစက်ရုံ(၁)ရုံတို့ ထိခိုက်ပျက်စီး၍ ရပ်နားခဲ့ရကြော င်း သိရသည်။
ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် အ ဆောက်အအုံများ ပျ-က်စီးမှုများပြားခဲ့၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိလပ်မြေတန်ချိန် အမြောက်အမြားလိုအပ်လျက်ရှိကြောင်းလည်း သိရသည်။
