Tuesday, July 14, 2026

ဟာစီနာပြန်လာလျှင် ထောင်ချမည်–ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး

ရာထူးမှ ဖယ်ရှားခံရပြီး အိန္ဒိယနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် နိုင်ငံသို့ ပြန်လာပါက ထောင်ဒ-ဏ်ကျခံရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာလတွင် သူ...

ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ရေများ စိုးရိမ်ရေမှတ်အထက်...

ချင်းတွင်းမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်ရေများမှာ သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး မြစ်ကမ်းအနီးနေထိုင်သူများသတိပြုရန်မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဇူလိုင် ၁၄ ရက်)...

အလုံမြို့နယ် ဆင်မင်းစျေးကားမှတ်တိုင်တွင် YBS 144...

ရန်ကုန်​၊ ဇူလိုင် ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းစျေးကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး...

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်...
HomeMoviesဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄

ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး လေကြောင်းလိုင်း ဝန်ထမ်းများအပေါ် လေဆိပ်၌ စစ်ဆေးမှုများကို တင်းကျပ်လိုက်သည်။

တရားရေးဝန်ကြီး ရဲဒုတိယဗိုလ်ချုပ်ကြီး ရုတ္တဖွန်း နဝရတ် က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) နှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုတို့သည် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး၊ ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါဂိုဏ်းနှင့် ဆက်နွှယ်နေသည့် သံသယရှိသူ အများအပြားကို ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ လေဆိပ်များအာဏာပိုင်အဖွဲ့ (AoT) သည် ပြည်ပသို့ ခရီးသွားမည့် လေကြောင်းလိုင်းဝန်ထမ်းများအတွက် လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း သိရသည်။ လုပ်ဆောင်ချက်များတွင် မူးယစ်ဆေးဝါးရှာဖွေရေးခွေးများကို ပိုမိုအသုံးပြုခြင်း၊ စစ်ဆေးရေးကိရိယာများ တိုးမြှင့်အသုံးပြုခြင်းနှင့် လေယာဉ်ဝန်ထမ်းများ၏ ခရီးဆောင်အိတ်များကို ကျပန်းစစ်ဆေးခြင်းတို့ ပါဝင်သည်။

အာဏာပိုင်များသည် မူးယစ်ဆေးသယ်ဆောင်သူအဖြစ် ဆောင်ရွက်နေနိုင်သည့် လေကြောင်းလိုင်းဝန်ထမ်းများကို ဖော်ထုတ်ရန်အတွက် ပါဆယ်လ်ပစ္စည်း သယ်ဆောင်ပေးသည့်ဝန်ဆောင်မှုများ ပေးနေသော လူမှုကွန်ရက်စာမျက်နှာများကိုလည်း စောင့်ကြည့်လျက်ရှိသည်။

ယခုလုပ်ဆောင်ချက်များသည် သာမန်ခရီးသွားများအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အတွက် စစ်ဆေးရေးလုပ်ငန်းစဉ်များမှာ ပြောင်းလဲမည်မဟုတ်ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ရုတ္တဖွန်းက ပြောကြားခဲ့သည်။

သို့သော်လည်း ယခင်က လုပ်ငန်းခွင်ဆိုင်ရာ ကင်းလွတ်ခွင့်များ ပေးထားခဲ့ခြင်းကြောင့် လုံခြုံရေးဟာကွက်များ ဖြစ်ပေါ်ခဲ့သဖြင့် လေယာဉ်ဝန်ထမ်းများအနေဖြင့် ပိုမိုတင်းကျပ်သော စစ်ဆေးမှုများနှင့် ကြုံတွေ့ရဖွယ်ရှိသည်။

ONCB အတွင်းရေးမှူးချုပ် ရဲဗိုလ်ချုပ် ဆူရီယာ ဆင်ဟာကာမွန် က မမီးနား၏ အမှုနှင့် ဩစတြေးလျနှင့် ထိုင်ဝမ်တို့ကို ဦးတည်သည့် သီးခြား ဆေးခြောက်မှောင်ခိုကူးမှုများကို စုံစမ်းစစ်ဆေးရာမှတစ်ဆင့် ဖမ်းဆီးမှုအချို့ကို ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသူများထဲတွင် လာအိုနှင့် ထိုင်းနိုင်ငံသားများ၊ သယ်ဆောင်သူများနှင့် ပြည်ပ၌ ပစ္စည်းလက်ခံရန် စောင့်ဆိုင်းနေသူများ ပါဝင်သည်။ ထို့ပြင် စုံစမ်းစစ်ဆေးသူများသည် ဟီးရိုးအင်းတင်ပို့မှု၏ ပိုင်ရှင်ဟု သံသယရှိသူအား ခြေရာခံနိုင်ခဲ့သော်လည်း ၎င်းမှာ ထိုင်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းမူးယစ်ကွန်ရက်တစ်ခုလုံးကို လုံးဝဖြိုခွင်းနိုင်ခြင်း မရှိသေးကြောင်းနှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ONCB နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) တို့သည် အခြားသံသယရှိသူများကို ဖော်ထုတ်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း ရဲဗိုလ်မှူး ဆူရီယာက ပြောကြားသည်။

ထပ်မံဖမ်းဆီးမှုများကြောင့် ဩစတြေးလျတွင် မမီးနား ရင်ဆိုင်ရမည့် ပြစ်ဒဏ် လျှော့ပေါ့စေရန် အပါအဝင် ၎င်း၏ အမှုအတွက် အထောက်အကူ ဖြစ်စေနိုင်ပါသလားဟု မေးမြန်းရာတွင် ဩစတြေးလျနိုင်ငံ၏ တရားစီရင်ရေးလုပ်ငန်းစဉ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရာဇဝတ်တရားရုံးသည် ဟီးရိုးအင်းများ ဝှက်သယ်ဆောင်လာသည့် ဆင်ရုပ်ပါ ခရီးဆောင်အိတ်ကို ပေးပို့ခဲ့သူဟု စွပ်စွဲခံထားရသည့် ဧကဝစ် ယွန်နီချာကူးလ်၏ အာမခံလျှောက်ထားမှုကို မကြာသေးမီက ပယ်ချခဲ့သည်။

တရားရုံးက စွပ်စွဲထားသည့် ပြစ်မှုများ၏ ပြင်းထန်မှု၊ စနစ်တကျ ဂိုဏ်းဖွဲ့လုပ်ဆောင်မှု၊ ပါဝင်ပတ်သက်နေသည့် မူးယစ်ဆေးဝါးပမာဏနှင့် ထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိမှုတို့ကို အကြောင်းပြကာ ၎င်းအား အမှုစစ်ဆေးနေစဉ်အတွင်း ဆက်လက်ထိန်းသိမ်းထားရန် အမိန့်ချမှတ်ခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟာစီနာပြန်လာလျှင် ထောင်ချမည်–ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး

ရာထူးမှ ဖယ်ရှားခံရပြီး အိန္ဒိယနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် နိုင်ငံသို့ ပြန်လာပါက ထောင်ဒ-ဏ်ကျခံရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာလတွင် သူ ပြည်တော်ပြန်မည်ဖြစ်ကာ တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဟာစီနာက ရို-က်တာသတင်းဌာနသို့ ပြောကြားအပြီး ရက်အတန်ကြာတွင် ယခုသတင်းထွက်လာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် သူ၏ သက်တမ်းကြာရှည် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လူထုအုံကြွမှုကြီးဖြစ်ပေါ်ပြီးနောက် ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်တွင် သေဒ-ဏ်ချမှတ်ခံထားရပြီး သူ၏ ပါတီသည်လည်း ပိတ်ပင်ခံထားရသည်။ ကုလသမဂ္ဂ၏ အဆိုအရ လူပေါင်း ၁,၄၀၀ ခန့်‌ေ-သဆုံးခဲ့သည်ဆိုသော အုံကြွမှုအပြီး ထိုနှစ် သြဂုတ်လကတည်းက...

ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ရေများ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ၊ မြစ်ကမ်းအနီးနေထိုင်သူများ သတိပြုရန် သတိပေး

ချင်းတွင်းမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်ရေများမှာ သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး မြစ်ကမ်းအနီးနေထိုင်သူများသတိပြုရန်မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဇူလိုင် ၁၄ ရက်) မြန်မာစံတော်ချိန် ၀၆:၃၀ နာရီ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ကာ...

အလုံမြို့နယ် ဆင်မင်းစျေးကားမှတ်တိုင်တွင် YBS 144 တိုက်မှုကြောင့် အဖွားအိုတစ်ဦး သေဆုံး

ရန်ကုန်​၊ ဇူလိုင် ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းစျေးကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ကြီးလေးကြီးလူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ YBS 144 ယာဉ်မှ အဖွားအိုတစ်ဦးအား တိုက်မိခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ အရေးပေါ်ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။ ကူညီရေးအဖွဲ့ဝင်များက ဖြစ်စဉ်နေရာမှ အဖွားအိုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင် ဆရာဝန်များ၏ စမ်းသပ်စစ်ဆေးချက်အရ အသက်မရှိတော့ကြောင်း သိရသည်။ ထို့နောက် အဖွားအို၏ ကိုယ်ပိုင်ပစ္စည်းများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071