နန်းတော်ရှေ့ ဆရာတင်ရဲ့ မြေး၊ ဦးရွှေနန်းတင်ရဲ့ သမီးဖြစ်တဲ့ မင်းသမီးကြီး နန်းခင်မွှေးက ငယ်ရွယ် စဉ် ကတည်းက ဖခင်ဖြစ်သူရဲ့ လမ်း ညွှန်ပြသမှုတွေ နဲ့အတူ ဘာသာ ရေးကို နေ့စဉ် ပုံမှန်လုပ် ဖြစ်ခဲ့ ပါတယ်။ သူ့အနေနဲ့ ကျန်းမာရေး အရ ဆေးရုံမှာ တက်ရောက် ကုသမှုခံယူ ခဲ့ရပြီး ပြန်လည် ကောင်းမွန်လာ ခြင်းကလည်း ဘာသာရေး လုပ် ဆောင်ခဲ့မှုတွေကြောင့် ဖြစ်တယ်လို့ ပြောပြဖူးပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ အရင်ကထက် ဘာသာ ရေးပိုင်းကို ပိုမို လုပ်ဆောင်ဖြစ်ခဲ့ပြီး တရား ဘာဝနာကို စီးဖြန်းဖြစ်တယ်လို့ သိရပါတယ်။
“အန်တီမွှေး နေပြန်ကောင်း လာတာ ဘာသာရေးကြောင့် ပါပဲ။ အဲဒီ အချိန်တုန်းက အန်တီမွှေးက ပါးစပ် က ဘာမှမပြောနိုင်ဘူး။ အဲဒီ အတွက် သားကြီးက မေတ္တသုတ်တွေ ရွတ်ဖတ် ပေးတယ်။ အန်တီမွှေး က အဲဒီ အချိန်တုန်းက မြတ်စွာ ဘုရား ကိုမြင်နေပေ မယ့် လည်း ဘာမှမရွတ် ဖတ်နိုင်ဘူး။ နေမကောင်းတုန်း က ဖြစ်ခဲ့ တာ မျိုးကို တအားကို ကြောက် မိတယ်။ အခုဆို ရင် ကောင်း ကောင်း ဆိုလို့ ရပြီ။ ကောင်းကောင်း ကလို့ ရပြီ အဲဒါတွေ က ဘုရား ကျေးဇူးကြောင့် တွေပဲ။ ဒါကြောင့် အခုအချိန် မှာ ဘာသာရေး ကို ပိုပြီးတော့ လုပ်ဖြစ် တယ်။ အန်တီမွှေး အနေနဲ့ အမြဲတမ်း ရွတ်နေကျ ကတော့ မေတ္တာသုတ် နဲ့ ပဌာန်း ပဲ။ မေတ္တ သုတ် က တစ်နေ့ကို ၁ဝ၁ခေါက် ရွတ်ဖြစ် တယ်။ ပဌာန်း ကတစ်နေ့ကို ၉ခေါက် ရွတ်တယ်။ အဲဒါက အဖေက အန်တီမွှေးကို သင်ပြပေးတာပါ” လို့ ဘာသာရေး နဲ့ ပတ်သက်ပြီး သူ့ရဲ့နေ့စဉ် လုပ်ဖြစ် မှုတွေကို မင်းသမီးကြီး နန်းခင်မွှေးကပြောပြပါတယ်။
မင်းသမီးကြီး နန်းခင်မွှေးက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ဦးရွှေနန်းတင် သင်ပြပေးခဲ့ သလိုပဲ ဘာသာရေး နဲ့ပတ်သက်လို့ သား နှစ်ယောက် ကိုလည်း ပြန်လည်ကာလမ်းညွှန် သင်ပြပေးခဲ့ပါတယ်။
“သားတွေ ကို မေတ္တသုတ် သင် ပေးတယ်။ သားကြီး ဆိုကရေးတီး သွား ပြိုင်တော့ ရထားပေါ်မှာ အန်တီ မွှေးက ဘုရားစာ ရွတ်ဖတ် တာကို သင်ခိုင်းတယ်။ ဇာတ် မင်းသား ဖြစ် တော့ ရွတ်တာ ဖတ် တာတွေ ကအစ ပြောသင့် ပြောထိုက် တာတွေ ကိုလည်း အန်တီမွှေး ကပြောပြတယ်။ အဲဒီလို သားတွေကို ငယ်ငယ်က တည်း က သင်ပြပေးထားတဲ့ အခါကျတော့ အန်တီမွှေး ကျန်း မာရေး မကောင်း ဖြစ်နေ ရင်း ပြန်သတိ ရလာတဲ့ အချိန် စကား မပြောနိုင်တဲ့ အချိန်မှာ သားကြီးက အန်တီမွှေး လက်ကလေး ကို ကိုင်ပြီး မေတ္တ သုတ် တွေ ရွတ်ပေး တယ်။ သားငယ်က ပဌာန်း ရွတ်ပေးနေ တယ်။ ဆေးရုံပေါ်မှာပေါ့။ အန်တီ မွှေးက အဲဒီအချိန် မှာ ဘုရားစာ မဆိုနိုင်ဘူးလေ” လို့ မင်းသမီးကြီး နန်းခင်မွှေးက သား သမီးတွေ အပေါ် ဘာသာရေးနဲ့ ပတ်သက်လို့ သင်ပြ ပေး မှုတွေ အကြောင်း ကို ပြန် လည် ပြောပြ ပါတယ်။ မင်းသမီး ကြီး နန်းခင်မွှေး က ပြည်တွင်း ၊ပြည်ပ ဖျော်ဖြေရေး ခရီး တွေ သွားရောက် တဲ့ အခါမှာ လည်း ဘာသာရေးကို မမေ့ မလျော့၊ အမြဲ မပြတ် လုပ်ဆောင်လေ့ ရှိသူ တစ်ဦးလည်း ဖြစ်ကြောင်းလည်း သိရ ပါတယ်။
လင်းအက္ခရာ