Sunday, February 1, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeCelebrities' Newsဘာသာတရားက စိတ်ကို တည်ငြိမ်...

ဘာသာတရားက စိတ်ကို တည်ငြိမ် အေးချမ်းစေတယ် ရွှေစင်

Shwe-ZInဗုဒ္ဓဘာသာဝင် အများစုဟာ ဘိုးဘွားမိဘတို့ အစဉ်အဆက် ကတည်းက မိရိုး ဖလာ ကိုးကွယ်ကြ သူများပဲဖြစ်ပါ တယ်။ ဘာသာ တရား လေ့လာ လိုက်စားခြင်းဟာ လူသားတို့ ရဲ့ စိတ်နှလုံး သားကို နူးညံ့သိမ့်မွေ့ပြီး ကြည်နူး အေးမြမှုရရှိစေသလို ဘုရား ရိပ်တရားရိပ် တို့ဟာ သောကကင်းဝေး ငြိမ်းချမ်းရေး ဖြစ်တည်ရှိစေပါတယ်။ ဒါကြောင့်မို့ ဘာသာတရား ကိုးကွယ် မှုရော ကုသိုလ် ဒါနပြုမှုတို့မှာပါ လူငယ် မျိုးဆက်သစ်တွေ အင်တိုက် အားတိုက် ပါဝင်လုပ်ဆောင် ယုံကြည် ကိုးကွယ် လာခြင်းဟာ ဗုဒ္ဓဘာသာ သာသနာ ရေရှည် တည်တံ့ရေး အတွက် အားတက်စရာ အနာဂတ် အင်အားပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူငယ် အမျိုးသမီး အနုပညာ ရှင် ရွှေစင်က နေ့စဉ် နေ့တိုင်း ဘုရားဝတ် ပြုမပျက်ဘဲ မေတ္တသုတ်နဲ့ ပဋ္ဌာန်းတို့ ရွတ်ပွားလေ့ ရှိသလို ဘာသာတရား အလုပ်လုပ်ဖြစ်ပုံတွေ အကြောင်းကို ပြောပြတာကတော့

“ဘယ်လောက်ပဲ အလုပ်ရှုပ် ရပါစေ။ ဘုရားဝတ်ပြုခြင်းကို မနက် တစ်ကြိမ် ညတစ်ကြိမ် လုပ်ဖြစ်ပါ တယ်။ တစ်ရက်ကို ပဋ္ဌာန်း(၃) ကြိမ်ရွတ်ပါတယ်။ မေတ္တသုတ် ရွတ်ပါ တယ်။ အဓိဋ္ဌာန် ဝင်တယ် ဆိုတာက ဒါလေးဖြစ်ရင် ဒါလေးလုပ်မယ် ဆိုပြီး  ဘယ်တုန်းကမှ လုပ်လေ့မရှိပါဘူး။ ဘာဖြစ်ရင် ဘာဖြစ်ရမယ် ဆိုတဲ့ အဓိဋ္ဌာန် မျိုးတော့ လုပ်လေ့မရှိပါဘူး” လို့ပြောပါတယ်။

ဆက်လက်ပြီးတော့ ဘုရား တရား အလုပ်လုပ်တဲ့ အခါ ဘုရားရိပ် တရားရိပ်ခိုလှုံရတဲ့အခါ စိတ်အေး ချမ်းငြိမ်းချမ်းစေသလို လူသားတို့ရဲ့ အပြုအမူတွေ သိမ်မွေ့ ယဉ်ကျေး စေအောင် ထိန်းကျောင်းပေးကာ ဘဝ တစ်လျှောက်လုံး အတွက် ဘာသာ တရား က သိပ်အရေး ပါပုံ အကြောင်း ကိုလည်း

“ဘုရားတရား လုပ်တာ မပြောနဲ့ ဦး။ အနည်းဆုံး ဘုရားသွားတာနဲ့ပဲ အေးချမ်း သွားတယ်လို့ ခံစားရပါ တယ်။ အကုန်လုံးလည်း အဲဒီလိုပဲ ခံစားရမယ်လို့ထင်ပါတယ်။ ဘာသာ တရားက စိတ်ကို တည်ငြိမ်အေးချမ်း စေတယ်။ အပြုအမူတွေကို ယဉ်ကျေး စေတယ်။ ဘာသာ တရားက လူတွေ ကိုလည်း ထိန်းကျောင်း ပေးတယ်။ ဘာသာတရားက ဘဝ တစ်လျှောက် လုံးအတွက် သိပ်အရေးပါပါ တယ်” လို့ရွှေစင်က ဆိုပါတယ်။

ဒီနောက်မှာတော့ ဗုဒ္ဓ ဘာသာ ဝင်တစ်ယောက် ဖြစ်ခွင့်ရတာ မိမိ ကိုယ်ကို ဂုဏ်ယူ မိသလို လူငယ်တိုင်း ဘာသာရေး အလုပ် လုပ်ကြဖို့ တိုက် တွန်းစကားကို ရွှေစင်က ပြောရာ မှာတော့ “ဘဝမှာ ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်ရတဲ့ အတွက် အရမ်း ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ နောင် ဘဝ ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ချင်ပါတယ်။ ရွှေစင် အနေနဲ့ လူငယ်တိုင်းကို လှိုက်လှိုက်လှဲလှဲ တိုက်တွန်းချင်ပါတယ်။ ဘာသာရေး လုပ်တာပဲ ဖြစ်ဖြစ်၊ ပရဟိတ လုပ်တာ ဖြစ်ဖြစ် လုပ်ကြည့်လေ။ စိတ်နှလုံး အေးချမ်းခြင်း ငြိမ်ခြင်းတွေ ကို ဖြစ် ပေါ်စေတဲ့ အတွက် ဘာသာရေးကို လုပ်စေချင်ပါတယ်” လို့ကိုယ်တိုင် ဘာသာရေးနဲ့ ပတ်သက်ပြီး သူ့အမြင် အယူအဆများကို ပြောပြပါတယ်။

တွယ်တာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071