Friday, May 23, 2025

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...

IRON CROSS အဖွဲ့၏ ပင်တိုင်...

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “ခွဲစိတ်ခမယူဘဲ...
HomeNewsLocal Newsဘဝလုံခြုံမှုရှိသည့်ပြည်တွင်း၌ အလုပ်လုပ်ကိုင်နိုင်ရေးဆောင်ရွက်ရန် နစကဥက္ကဋ္ဌပြော

ဘဝလုံခြုံမှုရှိသည့်ပြည်တွင်း၌ အလုပ်လုပ်ကိုင်နိုင်ရေးဆောင်ရွက်ရန် နစကဥက္ကဋ္ဌပြော

ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင်အလုပ်သမားရှားပါးမှုများဖြစ်ပေါ်လျက်ရှိ၍ ပြည်ပသို့သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ အလုပ်လုပ်ကိုင်နိုင်ရေးကိုဆောင်ရွက်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ ယနေ့ မေ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ပြောဆိုခဲ့သည်။

ပြည်တွင်းအလုပ်အကိုင်များနှင့်ပတ်သက်၍ တိုင်းနှင့် ပြည်နယ်အချို့တွင် Job Fair များကျင်းပကာ One Stop Service ဖြင့်အလုပ်ခန့်နိုင်အောင် အလုပ်ရှင်များနှင့်ပူးပေါင်းစီစဉ်ပေးခြင်း၊ ထိရောက်သောအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် Labour Exchange Management System ရေးဆွဲကာ Website တွင် လွှင့်တင်ပေးထားသည်ဟု ပြောသည်။

ထို့ပြင် ပြည်ပသို့မြန်မာအလုပ်သမားများစေလွှတ်ရာတွင်လည်း လစာဝင်ငွေနှင့် အကျိုးခံစားခွင့်ကောင်းသော နိုင်ငံများသို့ဦးစားပေးစေလွှတ်ခြင်း၊ သတ်မှတ်ကာလပြည့်မြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအရေအတွက်နှင့် စေလွှတ်ပေးရမည့် အရေအတွက်တို့အား နှိုင်းယှဉ်တွက်ဆခြင်းတို့ဖြင့် ပြည်တွင်း၌အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရန်ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့အတူ မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်၊ ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ ပြန်လည်အသုံးချနိုင်ရန်နှင့် ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ၎င်းတို့၏ မိသားစုထံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများလွှဲပို့ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ အလုပ်သမားများကို ဥပဒေနှင့်အညီ ပြည်ပနိုင်ငံများသို့စေလွှတ်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အ လုပ်သမားသံအရာရှိ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့အတူ နိုင်ငံတော်အစိုးရသည် ပြည်တွင်းရှိ အရင်းအမြစ်များကိုအကျိုးရှိစွာအသုံးချ၍ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားရေး၊ ပြည်ပမှကုန်များ ဝယ်ယူတင်သွင်းနေရသည့် နိုင်ငံအဖြစ်မှပြည်ပသို့ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေရေး ဆောင်ရွက်ရာတွင် အလုပ်သမားအင်အားစုကြီး၏ စွမ်းဆောင်မှုသည်သာအဓိကဖြစ်သည်ဟုလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ကြီးနှင့် တပည့်သာဝကများက သွားရောက်လှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင် မန္တလေးမြို့သို့ ကြွရောက်တော်မူခြင်း ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တစ်တိုင်းလုံးရှိ ဆေးရုံများသို့ အောက်စီဂျင်စက် အလုံး (၁၀၀) လှူဒါန်းခြင်း၊ မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း (၁,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် Win Unity Hotel ရှေ့တွင်ငလျင်ဘေးသင့် မန္တလေးပြည်သူများသို့ (၂) ပြည်အိတ်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄% မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျ-က်စီးနေ

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ "ဂါဇာကမ်းမြှောင်ရှိ ဆေးရုံ ၃၆ ခုအနက် ၁၉ ခုသာ ဆက်လက်လည်ပတ်နေပြီး၊ ကျန်ရှိနေသေးသည့် လူနာများအတွက် အခြေခံစောင့်ရှောက်မှုပေးနေသည့် ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မှုများ၊ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု၊ လုံခြုံရေး မတည်ငြိမ်မှုများ နှင့် ‌ေ-သဆုံးဒဏ်ရာရသူများ တိုးပွားလာမှုတို့ကြောင့် ဝန်ထမ်းများသည်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို ထောက်ပံ့မှုများပြုလုပ်သွားမည့် ရွှေမင်းသားဖောင်ဒေးရှင်း

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ငလျင်သင့်ဒေသများအတွင်း အထောက်အကူပြုပစ္စည်းလိုအပ်သော မသန်စွမ်းသူများ အမြန်ဆက်သွယ်ကြရန် နှိုးဆော်ထားသည်။ မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ရာတွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးပေါင်း၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ ပန်းကန်လုံး/ပြား၊ ဇွန်း၊ အိမ်သုံးဆေးဝါး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်ပြီးမသန်စွမ်းသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ မသန်စွမ်းအထောက် အကူပြုပစ္စည်းများ၊ Tent များနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071