Monday, April 13, 2026

ဆုန်ခရန်ပွဲတော်အတွင်းမတော်တဆမှုကြောင့် သေဆုံးသူ ၉၅ ဦး...

ထိုင်းနိုင်ငံ၏ ဆုန်ခရန်ပွဲတော် ပထမသုံးရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၉၅ ဦး သေဆုံးခဲ့ပြီဖြစ်ကာ တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်အထိ ယာဉ်မတော်တဆမှုပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း...

ပျော်ရွှင်စရာပွဲတော်ဖြစ်ပါစေဟုထိုင်းဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ဆုန်ခရန်ရေပွဲတော်အတွက် ပြည်သူများ ကို ဆုတောင်းမေတ္တာပို့သခဲ့ပြီး နိုင်ငံတစ်ဝန်း ပွဲတော်အခမ်းအနားများအတွင်း ဘေးအန္တရာယ်ကင်းရေးနှင့် တာဝန်ယူစိတ်ကို ဦးစားပေးကာ မိသားစုနှင့်အတူ...

ရုရှားအာကာသလုပ်ငန်းကဏ္ဍ တိုးတက်မှုများကို ပူတင် ချီးကျူးစကားဆို

မော်စကို၊ ဧပြီလ ၁၂ ရက် ကာလရှည်ကြာ စိန်ခေါ်မှုများ ရှိနေသော်လည်း ရုရှားနိုင်ငံ၏ အာကာသလုပ်ငန်းကဏ္ဍသည် ယုံကြည်မှုအပြည့် ရှိနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံ၏ "အာကာသယာဉ်မှူးများနေ့" မတိုင်မီ...

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို...

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို...
HomeCelebrities' Newsဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တဲ့...

ဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်

ပရိသတ်များရဲ့ အချစ်တော် ဝတ်မှုံရွှေရည်ကတော့ သြဂုတ်လ ၁ဝ ရက်နေ့က သူ့ရဲ့ အသက် ၃ဝ နှစ် ပြည့်ခဲ့ပါပြီ။ အသက် ၃ဝ နှစ်ပြည့်မွေး နေ့အလှူအဖြစ် မှော်ဘီအောင်ဇမ္ဗူ တောရ ဓမ္မရိပ်သာတွင် အလှူဒါန များ ပြုလုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ တွေအတွက် အလှူငွေကျပ် ဆယ် သိန်းနဲ့ စိတ်ကျန်းမာရေးဆေးရုံသို့ အလှူငွေကျပ် ဆယ်သိန်းတို့ကို မွေး နေ့အမှတ်တရအဖြစ် လှူဒါန်းခဲ့ပါ တယ်။ မွေးနေ့မှာ အလှူဒါနတွေနဲ့ပဲ ဖြတ်သန်းဖြစ်ခဲ့ကြောင်းကို မေးကြည့် တဲ့အခါမှာတော့ ဝတ်မှုံရွှေရည်က …

”ဒီနေ့ကတော့ ကစ်မွေးနေ့ဆို တော့ သံဃာတော်တွေကို ဆွမ်းကပ် တယ်။ နဝကမ္မသင်္ကန်းလှူတယ်။ ပြီး တော့ စိတ်ကျန်းမာရေးဆေးရုံမှာ ကစ် ဆယ်သိန်းလှူဒါန်းပါတယ်။ ရေ ဘေးသင့်ပြည်သူတွေအတွက်လည်း ဆယ်သိန်းလှူပါတယ်။ ကစ်ဒီနှစ်မွေး နေ့ကို အရင်နှစ်တွေလို မွေးနေ့တွေ ဘာတွေလည်း မလုပ်ဖြစ်ဘူး။ ဘုန်း ကြီးကျောင်းမှာပဲ ဘုန်းဘုန်းရဲ့ တရားနဲ့ ဖြတ်သန်းချင်တယ် ပြီးတော့ အလှူလေးတွေကို ကိုယ်တတ်နိုင် သလောက် ကိုယ်လှူချင်တဲ့နေရာ လေးမှာလှူချင်တယ်။ ဆိုတဲ့အတွက် ကြောင့်ပေါ့။ ညကျရင်လည်း ဘုရား မှာ ဆီမီးပူဇော်မယ်။ ဒီလောက်ပါပဲ။ အေးအေးဆေးဆေးလေး ဖြတ်သန်း ချင်တာပါ”လို့ပြောပါတယ်။

အသက် ၃ဝ ပြည့်ပြီဆိုတော့ ရင့်ကျက်လာပြီ ပေါ့လို့ဆိုတော့ ဝတ်မှုံရွှေရည်က အသက် ၃ဝ အရွယ် ရောက်လာပြီဆို တော့ခံစားချက်က…

” ရင့်ကျက်ရတော့ မှာပေါ့နော်။ ဒါပေမဲ့လည်း ပိုပြီး တော့ ရင့်ကျက်ရတော့မှာပေါ့နော် (ရယ်လျက်)။ မွေးနေ့မှာလည်း မေဦးတို့က Surprise လုပ်ပေး ကြတယ်။ မေဦးတို့ မနေ့ညက အိမ် ရောက်လာတယ်။ သူတို့တစ်ဖွဲ့လုံး Surprise လာလုပ်ပေးကြတယ်ပေါ့ နော်။ ပျော်ရွှင်ရပါတယ်။ ဒီနှစ်က ကစ်မွေးနေ့က နည်းနည်းဝေးတော့ တချို့ကစ်ရဲ့ Fan တွေ မလာနိုင်ကြ ဘူး။ ဒီနှစ်ကလည်း အေးအေးချမ်း ချမ်းနဲ့ မွေးနေ့အကြီးကြီးမလုပ်ဘဲ ဖြတ်သန်းချင်တာရယ်ကြောင့်ပါ။ မွေးနေ့က အသက် ၃ဝ၊ အသက်က လည်း ကြီးလာတော့ ဘုန်းဘုန်းပြော သလိုပဲ သေရန်တစ်ရက် နီးပြီပေါ့ (ရယ်လျက်)။ ရှေ့ဆက်ပြီးလည်း အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်း ချင်ပါတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ – ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071