မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ မှ ဖျော်ဖြေရေးအဖွဲ့ သည့် ယမန်နေ့ အောက်တိုဘာ (၁၀)ရ က်က ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ကြည်ညိုလေ့လာခဲ့ကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ပန်းရေချမ်းနှင့်ဆီမီးကပ်လှုပူဇော်ခဲ့ပြီး ဗုဒ္ဓဝင်ပြတိုက်ကို ကြည့်ရူလေ့လာခဲ့သလို သာ ယာဝတီမင်း ခေါင်းလောင်းတော်ကိုလည်း ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ချစ်ကြည်ရေးတေးဂီတဖျော်ဖြေပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ်ဖျော်ဖြေရေး အဖွဲ့သည့် အောက်တိုဘာ(၅)ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး မန္တလေးမြို့တော်ခန်းမ၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်းခန်းမ တွင် ဖျော်ဖြေတင်ဆက်ခဲ့ပြီးဖြစ်ပြီး ရန်ကုန် နှင့် နေပြည်တော်တို့တွင် မြန်မာ-ရုရှား- ဘယ်လာရုစ် (၃)နိုင်ငံ ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။
