မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဘယ်လာရုစ်တေးဂီတအဖွဲ၏ ဒုတိယမြောက် ချစ်ကြည်ရေးတေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ အောက်တိုဘာ(၆)ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို တပ်မတော် နည်းပညာတက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် ဘယ်လာရုစ် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr. Vladimir Sukolinsky ဦးဆောင်၍ အဆိုရှင်များဖြစ်ကြ သည့် Ms.Nadezhda Bryleva နှင့် Ms. Anzhelika Zaitseva တိုက ရုရှားနှင့်ဘယ်လာရုစ်တို၏ ရိုးရာမေတ္တာအကြောင်းဖွဲဆိုထားသည့် တေးသီချင်း နှင့် ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
ထိုပြင် ဘယ်လာရုစ်နှင့် မြန်မာ (၂၅)နှစ်ပြည့် ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ရေးဖွဲထားသည့်တေးသီချင်း၊ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်အကြောင်း ရေးဖွဲထားသည့် တေးသီချင်း၊ သမိုင်းဝင်ပုဂံမြိုအကြောင်း ရေးဖွဲထားသည့် တေးသီချင်းများ၊ ဘယ်လာရုစ်ရိုးရာ တေးသီချင်းများ၊ ကာလပေါ်တေးသီချင်းများ အပါအဝင် စုစုပေါင်း ၁၇ ပုဒ် သီဆို ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ် တေးဂီတအဖွဲသည်မန္တလးမြို မြိုတော်ခန်းမတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) မှ အနုပညာရှင်များနှင့်ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းတေးဂီတဖျော်ဖြေပွဲကိုလည်း ကျင်းပခဲ့ပြီ မန္တလေးတောင်ခြေရှိ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားနှင့် မန္တလေးတောင်တိုသို သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
ထိုပြင် ဘယ်လာရုစ်တေးဂီတအဖွဲသည် မြန်မာနိုင်ငံတွင်ရောက်ရှိစဉ် နေပြည်တော်နှင့် ရန်ကုန်မြိုတိုတွင်လည်း မြန်မာ-ရုရှား-ဘယ်လာရုစ်သုံးနိုင်ငံ အဆို၊ အကများ ပူးပေါင်း၍ ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။
