Tuesday, May 12, 2026

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ မွေထိုင်း ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံထွက်ခွာ

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပမည့် "Knock out" မွေထိုင်း ပြိုင် ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ ယနေ့ မေ ၁၂ ရက်ည...

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ဇွန် ၂...

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေးနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတို့ကို ဇွန် ၂ ရက်နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ...

မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည်ပတ်တော့မည်

တပ်မတော်က မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ် လျှောက်ရှိ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ယင်း လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည် ပတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ စီမံမှုတို့ဖြင့်...

ရက်(၁၀၀)စီမံချက်အဖြစ် ပဲခူးတိုင်းမှတောင်သူ(၂)သိန်းခန့်ကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေဘီလီယံ (၃၀၀)ကျော်ထုတ်ချေးမည်

ယနေ့တွင် တောင်သူ(၈)သောင်းဦးခန့်အား ချေးငွေ (၁၆၇)ဘီလီယံကျော်ထုတ်ချေးပေးခဲ့ ပဲခူးတိုင်းအတွင်းမှ တောင်သူ(၂)သိန်းဦးခန့်အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ဘီလီယံ(၃၀၀)ကျော်အား ရက် (၁၀၀)စီမံချက်အရ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း...
HomeInternationalဘန်ကောက်-တရုတ်အမြန်ရထားလမ်း ၂၀၃၀ တွင်...

ဘန်ကောက်-တရုတ်အမြန်ရထားလမ်း ၂၀၃၀ တွင် ပြီးစီးရန် မျှော်မှန်း

ထိုင်းနိုင်ငံသည် လာအိုနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံနှင့် ဆက်သွယ်မည့် ၎င်း၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ် ဖေါက်လုပ်နိုင်မည်ဟု မျှော်မှန်းကြောင်းသိရသည်။ ကာလရှည်ကြာစွာ နှောင့်နှေးနေသည့် စီမံကိန်းသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ကုန်သွယ်မှုကို ပိုမိုတိုးတက်စေမည့် အဓိကသော့ချက်အဖြစ် တာဝန်ရှိသူများက ကြွေးကြော်ထားခဲ့သည်။

ဘန်ကောက်နှင့် နာခွန်ရတ်ချစီမာပြည်နယ်တို့ကို ဆက်သွယ်မည့် စီမံကိန်းပထမအဆင့်သည် ၃၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ အရှေ့မြောက်နယ်စပ်ပြည်နယ် နန်ခိုင်အထိ ရထားလမ်းတိုးချဲ့မည့် ဒုတိယအဆင့် လုပ်ငန်းအစီအစဉ်ရေးဆွဲမှုကို ပြီးစီးပြီဖြစ်၍ အစိုးရထံတင်ပြသွားရန် အသင့်ဖြစ်နေပြီဟုလည်း ၎င်းက ဆိုသည်။

စုစုပေါင်းရထားလမ်းအရှည်သည် ၃၇၈ မိုင်ရှည်လျားပြီး ကုန်ကျစရိတ်မှာ ဘတ်ငွေ ၄၃၄ ဘီလျံရှိမည်ဟု ခန့်မှန်းထားသည်။ ထိုင်းဘက်ခြမ်း ရထားလမ်းကွန်ရက်သည် မဲခေါင်မြစ်ကို ဖြတ်၍တည်ဆောက်ထားသည့် တံတားတစ်စင်းမှတဆင့် လာအို-တရုတ် လမ်းကြောင်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။

ဒေသတွင်း လုပ်ဖော်ကိုင်ဖက်နိုင်ငံများ၏ တိုးတက်မှုအရှိန်အဟုန်ကို လိုက်လျောညီထွေဖြစ်စေရန် ရုန်းကန်နေရသော အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအင်အားကြီး ထိုင်းနိုင်ငံသည် ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှုတိုးတက်စေရန် ကြိုးပမ်းနေသည်။ ကုန်သွယ်မှု ကဏ္ဍအပြင် နှစ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ၎င်းတို့နိုင်ငံသားများအတွက် ခရီးသွားဗီဇာဖြေလျှော့ပေးခြင်းများလုပ်ခဲ့ကာ ခရီးသွားလုပ်ငန်းဆိုင်ရာဆက်ဆံရေးကိုလည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရထားလမ်းကွန်ရက် ကို အသုံးပြုနိုင်ပြီဆိုပါက ထိုင်း-လာအိုရထားလမ်းသည် ဘန်ကောက်မှ တရုတ်နိုင်ငံမြို့တော်ကို ဗီယန်ကျင်းမှတဆင့် ခရီးသွားနိုင်မည်ဖြစ်သကဲ့သို့ ပေကျင်းနှင့် သီးခြား အမြန်ရထားဝန်ဆောင်မှုရှိနေသော တရုတ်တောင်ပိုင်းမြို့ ကူမင်းတို့မှတဆင့်လည်း သွားရောက်နိုင်မည်ဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ မွေထိုင်း ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံထွက်ခွာ

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပမည့် "Knock out" မွေထိုင်း ပြိုင် ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ ယနေ့ မေ ၁၂ ရက်ည ၉ နာရီက အပြည်ပြည်ဆိုင်ရာမြန်မာလေ ကြောင်း(MAI)ဖြင့်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ၏ မေ ၁၅ ရက်၌ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား စူပါရေချမ်းသည် (၆၃)ကီလိုတန်းတွင် ထိုင်းလက်ဝှေ့ကစားသမား၊ စောဘဟိန်းသည် (၆၃)ကီ လိုတန်းတွင်ဂျပန်လက်ဝှေ့ကစားသမား၊ ဒေါင်းမိုက်သွေးသည် (၅၁)ကီလိုတန်းတွင် ဂျပန်လက်ဝှေ့ကစား သမားတို့နှင့် ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ် ကြောင်း သိရသည်။ ဂျပန်နိုင်ငံသို့ထွက်ခွာသွားသည့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့တွင် ဂျပန်နိုင်ငံ၌ တစ်နှစ်ကြာသည်အထိ...

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ဇွန် ၂ ရက်၊ ပြည်ထောင်စုလွှတ်တော်ကို ဇွန် ၄ ရက်တို့၌ ကျင်းပမည်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေးနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတို့ကို ဇွန် ၂ ရက်နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ အစည်းအဝေးခန်းမများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိ ယပုံမှန်အစည်းအဝေးကိုလည်း ဇွန် ၄ ရက်နံနက် ၁၀ နာရီတွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက်လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာရုံးများသို့ မေ ၃၀ ရက်ထက်မစော၊ မေ ၃၁ ရက်ထက်နောက်မကျစေဘဲ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ သတင်းပို့ရာ၌...

မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည်ပတ်တော့မည်

တပ်မတော်က မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ် လျှောက်ရှိ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ယင်း လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည် ပတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ စီမံမှုတို့ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုန်သည်များက အ ခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများတင်ဆောင်၍ မေ ၉ ရက်တွင် မန္တလေးမြို့မှထွက်ခွာခဲ့ကြကြောင်း သိရသည်။ ၎င်းတို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ ကသာမြို့၊အင်းတော်မြို့နှင့် မော်လူးမြို့များကိုအဆင့်ဆင့်ဖြတ် သန်းပြီး ယနေ့ မေ ၁၂ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071