Sunday, May 25, 2025

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊...

တရုတ်ဝန်ကြီးချုပ်က စင်္ကာပူဝန်ကြီးချုပ်ကိုဂုဏ်ပြု

ပေကျင်း၊မေ ၂၄ တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌...

လားရှိုးတွင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေး

ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများဖြင့် လည်ပတ်နေသည့် လားရှိုးမြို့တွင် အခြေခံစားသော က်ကုန်အပါအဝင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိလားရှိုးမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် (၃)...

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်

မိုးရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ သတိထားရန် လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှော ရောဂါသည် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသည့် အစားအစာများကို စားသောက်မိရာမှ ကူးစက်နိုင်သည်ဟုလည်း...
HomeInternationalဘန်ကောက်၌ လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် တတ်နိုင်သမျှ...

ဘန်ကောက်၌ လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် တတ်နိုင်သမျှ အပြင်မထွက်ကြရန်ညွှန်ကြားထား

ဘန်ကောက်၊ဇန်နဝါရီ ၂၆

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် ဖြစ်နိုင်ပါက အိမ်မှသာအလုပ်လုပ်ပြီး မဖြစ်မနေ အပြင်ထွက်ရန်လိုပါက နှာခေါင်းစည်းတပ်ကြရန် ဒေသခံများအား အာဏာပိုင်များကညွှန်ကြားထားသည်။

ထို့အပြင် အတတ်နိုင်ဆုံးကိုယ်ပိုင်ယာဉ်များ ကို အသုံးမပြုဘဲ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကိုသာ အသုံးပြုရန်လည်းတိုက်တွန်းထားသည်။

မီးလောင်မှုနှင့်ဆောက်လုပ်ရေး စီမံချက်များကဲ့သို့သော လေထုညစ်ညမ်းမှု၏ ဇစ်မြစ်များကိုလည်း လျှော့ချရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိခိုက်လွယ်ကာအန္တရာယ်ရှိသူများကို နှာခေါင်းစည်းများဝေပေးမည်ဟုလည်း ဘန်ကောက်ရှိအာဏာပိုင်များကပြောကြားခဲ့သည်။

လေထုညစ်ညမ်းမှုသည် ဇန်နဝါရီ ၂၆ မှစ၍ ပိုဆိုးလာနိုင်သော်လည်း ကျောင်းများပိတ်ရန်တော့မလိုအပ်သေးကြောင်းသိရသည်။

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းဒေသများ၏ တောမီးနှင့်လယ်ယာရှို့မီးများသည် လေထုညစ်ညမ်းမှု၏အဓိကအချက်များဖြစ်ကြကာ ထုတ်လုပ်မှု၊ဆောက်လုပ်ရေးနှင့်သယ်ယူပို့ဆောင်ရေးတို့ကြောင့် မူလကတည်းက လေထုအရည်အသွေးညံ့ပြီးသားဖြစ်သည့် ဘန်ကောက်မြို့၏ လေထုညစ်ညမ်းမှုကိုပိုမိုဆိုးရွားစေလျက်ရှိသည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေ

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကာ ကွန်ပျူတာနှင့်နည်းပညာကိုပေါင်းစပ်ထားသည့် Polytechnic University များဖွင့်လှစ်ရာတွင် အောင်မြင်မှုရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။ " တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူတွေတက်ရောက်နိုင်ဖို့ Polytechnic Institute ကိုလည်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပထမနှစ်တက်ရောက်အောင်မြင်ပြီးရင် အသိအမှတ်ပြုလက်မှတ် Certificate...

တရုတ်ဝန်ကြီးချုပ်က စင်္ကာပူဝန်ကြီးချုပ်ကိုဂုဏ်ပြု

ပေကျင်း၊မေ ၂၄ တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းလာကြောင်း ပြောကြားခဲ့သည်။ နှစ်ဘက်စလုံးသည် နိုင်ငံတကာနှင့်ဒေသတွင်းရေးရာများ၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း လီက ပြောကြားခဲ့သည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နှစ်နိုင်ငံကြား နိုင်ငံရေးအရယုံကြည်မှု၊အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန်၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်းချစ်ကြည်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိပြုခဲ့ကြသည်။ ထို့အပြင် အဆိုပါသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံကြား...

လားရှိုးတွင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေး

ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများဖြင့် လည်ပတ်နေသည့် လားရှိုးမြို့တွင် အခြေခံစားသော က်ကုန်အပါအဝင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိလားရှိုးမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် (၃) သိန်းကျော်အထိ ဈေးပေါက်နေကြောင်း သိရသည်။ “တိုက်ပွဲ မဖြစ်ခင်အချိန်က (၁) သိန်းခွဲဝန်းကျင်တော့ရှိတယ်။ (၂) ဆကျော် ဈေးတက်သွားတာပေါ့” ဟု ကုန်သည်တစ်ဦးက ဆိုသည်။ ချင်းရွှေဟော်-သိန္နီလမ်းကြောင်းမှ တရုတ်နိုင်ငံဘက်က တင်သွင်းသည့် ကုန်ပစ္စည်းများ ပုံမှန်ရောက်ရှိနေကြောင်းလည်း ၎င်းကပြောသည်။ လက်ရှိတွင်လည်း မြို့ခံလူထုအတွက် သောက်ရေသန့်အပြင် အခြေခံ စားသောက်ကုန်များသည် တရုတ်ဘက်မှ တင်သွင်းလာသည့် ပစ္စည်းများကိုသာ အားထားနေရကြောင်း မြို့ခံများထံမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071