ဘန်ကောက်မြို့တွင် လေထု ပိုမိုညစ်ညမ်းလာမှုကြောင့် လွန်ခဲ့သည့် ၆ လအတွင်း ဘန်ကောက်မြို့ခံ ၉၀၀ နီးပါးသည် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ ဘန်ကောက်မြို့ရှိ လူ ၈၈၃ ဦးသည် လေထုညစ်ညမ်းမှုဆိုင်ရာ ရောဂါများအတွက် မြို့တော်စည်ပင်သာယာရုံးက ဖွင့်ထားပေးသော ဆေးခန်း ၆ ခုတွင် လာရောက်ကုသခဲ့သည်။
လာရောက်ကုသသူ အများစုမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပြီး အချို့မှာ အဖုများထွက်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ မျက်စိယားယံခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါများကို ခံစားနေရသည်။
အဆိုပါ အရေအတွက်မှာ မြို့တော်စည်ပင်သာယာရုံးက ဖွင့်ထားသော ဆေးခန်း ၆ ခု ဆီသို့ လာရောက်သူများသာဖြစ်သဖြင့် ဘန်ကောက်ရှိ အခြားသော ဆေးရုံ၊ ဆေးခန်းများဆီသို့ ဆေးသွားရောက်ကုသသူ အများအပြား ရှိနိုင်ကြောင်း ယူဆရသည်။
ညစ်ညမ်းသော လေကို မကြာခဏ ရှုရှိုက်မိပါက အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုခြင်း၊ လည်ချောင်းနာခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းအပြင် အသက်ရှူလမ်းကြောင်းကိုပါ ထိခိုက်စေနိုင်သည်။
ဘန်ကောက်မြို့၏ လေထုအတွင်း အသက်ရှူလမ်းကြောင်းကို ထိခိုက်စနေိုင်သည့် အလွန်သေးငယ်သော အမှုန်အမွှားများ ပါဝင်နေမှုမှာ PM 2.5 အဆင့်၌ ဆက်လက်မြင့်မားနေသောကြောင့် မတ်လ အစမှစ၍ ဆေးသွားရောက်ကုသသူ လူနာပေါင်း ၁၄၈ ယောက်ရှိလာပြီဖြစ်သည်။
Source: Coconuts bangkok


