Saturday, May 2, 2026

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ တင်သွင်းသော...

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ လာမည့်အပတ်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

Electronics နှင့် အထွေထွေကုန်ပစ္စည်းများ လေလံတင်ရောင်းချရန်...

အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချမှုကို...

ဝါးခယ်မမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလေ-ာင်မှုဖြစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ မေ ၂ ရက်နံနက် ၉ နာရီခွဲခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ဝါးခယ်မမြို့၊...

မကွေးတိုင်းအတွင်း၌ ဆိုလာရေတင်စီမံကိန်းအသစ်များဖော်ဆောင်နေ

မကွေးတိုင်းအတွင်းရှိ စိုက်ပျိုးမြေများ၌ စိုက်ပျိုးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေ တင်စီမံကိန်းအသစ်များကိုဖော်ဆောင်လျက်ရှိသည်။ အကျိုးပြုနိုင်မည့်ဧက (၆၀၀) အတွက် ပွင့်ဖြူမြို့နယ်ရှိ လှည်းကြီးရိုးမှ ဆိုလာစနစ်ဖြင့်ဆောင်ရွက်မည့်...
HomeNewsLocal Newsဘန်ကောက်ငလျင်အဆောက်အအုံပျက်တွင်းမှ ဖုန်းမီးအလင်း‌‌ရောင်တွေ့

ဘန်ကောက်ငလျင်အဆောက်အအုံပျက်တွင်းမှ ဖုန်းမီးအလင်း‌‌ရောင်တွေ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ချာတူချတ်ခရိုင်တွင် ပြိုကျခဲ့သော အစိုးရအဆောက်အအုံအတွင်းမှ မိုဘိုင်းလ်ဖုန်းမှအလင်းရောင်ဟုထင်ရ‌ေသာ အလင်းရောင်ကို တွေ့ရှိခဲ့သောကြောင့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

မတ်လ၂၈ ရက်‌ေန့က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်သွားခဲ့သော ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ဘန်ကောက်ရှိ ဘတ် ၂ ဒဿမ ၁၄ သန်းတန် အထပ်မြင့် နိုင်ငံတော်စာရင်းစစ်ရုံး(SAO) အဆောက်အအုံ ပြိုကျခဲ့သည်။

Phetkasem ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား Pakamol Metheepakdee က သောကြာနေ့(ဧပြီလ ၁၁ရက်နေ့) နံနက် ၆ နာရီခန့်တွင် အသက်ရှင်ကျန်ရစ်သူများ ရှိနိုင်သည့် လက္ခဏာများ ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ သူတို့သည် မိုဘိုင်းလ်ဖုန်းတစ်လုံးမှဟု ယူဆရသည့် အလင်းရောင်ကို တွေ့ရှိခဲ့၍ ပိတ်မိနေသူများ၏ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

စက်ယန္တရားကြီးများသုံးကာ ဇုန်စီတွင် လုပ်ငန်းဆောင်ရွက်နေသော ကယ်ဆယ်ရေးသမားများသည် ဇုန် ဘီ အတွင်းရှိ အပေါက်တစ်ခုကို ဖြတ်သွားစဉ် အန်းဒရိုက်ဖုန်းဖွင့်သံကို ကြားလိုက်ရသည်။ အဆိုပါအသံသည် ယခင်က စကင်န်တွင် တွေ့ရှိထားသော ၅၀ စင်တီမီတာအကွာမှ ထွက်လာခြင်းဟု ယူဆရသည်။

ထပ်မံစစ်ဆေးမှုလုပ်ခဲ့ရာတွင် အဖြူရောင်အလင်းတန်းတစ်ခုကို ကယ်ဆယ်ရေးသမားများ က တွေ့ရှိခဲ့ပြီး USAR အဖွဲ့ထံမှ မိုက်ခရိုကင်မရာတစ်ခု တောင်းယူကာ အလင်း၏ တည်ရှိမှုကို အတည်ပြုခဲ့သည်။ သို့ရာတွင် အတည်ပြုချက်ယူရန် အလင်းထွက်ရာပစ္စည်းကို နေရာရွှေ့ခိုင်းရာတွင် တုန့်ပြန်မှု မရရှိခဲ့ပေ။ မီးပိတ်ရန် တောင်းဆိုသောအခါမှသာ လိုက်နာဆောင်ရွက်ခဲ့သည်ကို တွေ့ခဲ့ရသည်။

စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားများသည် အပျက်အစီများကို လက်ဖြင့် ဂရုတစိုက်ဖယ်ရှားနေကာ ပန့်တစ်လုံးကို သုံး၍ အပေါက်အတွင်းသို့ အောက်ဆီဂျင်ပေးရန် လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ အဆောက်အအုံ ပြိုကျမှုကြောင့် ‌ေ-သဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရရှိသူ ၉ ဦးရှိထားပြီး ပျောက်ဆုံးနေသူ ၆၇ ဦးကို ကယ်ဆယ်ရေးသမားက ရှာဖွေနေဆဲဖြစ်သည်ဟု ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA) ၏ သောကြာနေ့က နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ တင်သွင်းသော မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုး‌ကောက်မည်ဟု ထရမ့် ကြေညာ

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ လာမည့်အပတ်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ “ဥရောပသမဂ္ဂဟာ ကျွန်တော်တို့ အပြည့်အဝသဘောတူညီထားတဲ့ ကုန်သွယ်ရေးစာချုပ်ကို လိုက်နာခြင်းမရှိတဲ့အတွက်၊ လာမည့်အပတ်မှာ အမေရိကန်နိုင်ငံထဲကို တင်သွင်းလာမယ့် ဥရောပသမဂ္ဂရဲ့ ကားတွေနဲ့ ထရပ်ကားတွေအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားတွေကို တိုးမြှင့်သွားမယ်လို့ ကြေညာရတဲ့အတွက် ဝမ်းသာပါတယ်။ အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာပါ” ဟု အမေရိကန်ခေါင်းဆောင်က သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင်...

Electronics နှင့် အထွေထွေကုန်ပစ္စည်းများ လေလံတင်ရောင်းချရန် အကောက်ခွန်ဦးစီးဌာန ကြေညာ

အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချမှုကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန် (ကုန်လှောင်ရုံ) ၌ ကျင်းပသွားမည်ဖြစ်သည်။ လေလံပုံစံများကို တစ်စုံလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် မေ ၆ ရက်မှ ၇ ရက်အထိ ရုံးချိန်အတွင်း...

ဝါးခယ်မမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလေ-ာင်မှုဖြစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ မေ ၂ ရက်နံနက် ၉ နာရီခွဲခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ဝါးခယ်မမြို့၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ် မသွားကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်မီး လေ-ာင်မှုဖြစ်ပွား၍ ဝါးခယ်မမြို့နယ်မီးသ-တ်စခန်း၊ ရွှေလောင်း/ကျုံမငေး/ရွာသစ်/မော်ကျွန်းမြို့နယ် မီးသ-တ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် စက်သုံးဆီအရောင်းဆိုင်မှာပျ-က်စီးဆုံးရှုံးခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071