Sunday, December 14, 2025

မိမိနှစ်သက်ရာ အဖွဲ့အစည်းအား ဆန္ဒပြုမဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ထမ်းဆောင်ပေးကြရန်...

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaignကို ဒီဇင်ဘာ ၁၃...

ဘီလာရုစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို...

ဘီလာရုစ်နိုင်ငံ၏ ပိုတက်ရှ်လုပ်ငန်းအပေါ် ဒ-ဏ်ခတ်ပိတ်ဆို့ထားမှုများအား ရုပ်သိမ်းပေးမည်ဟု အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို...

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...
HomeNewsLocal Newsဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင်...

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့် တိုင်းအားလုံးတွင် မိုးထစ်ချုန်းရွာမည်

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်လျှက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)၏ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်း အားလုံးတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ သြဂုတ် (၁၉)ရက် နံနက် (၅:၃၀) နာရီ အချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့၏ မိုးလေဝသအခြေအနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် အသိပေးထားခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ယင်း လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ချင်းပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်သာ ရှိနေပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈) ပေခန့် ရှိနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိမိနှစ်သက်ရာ အဖွဲ့အစည်းအား ဆန္ဒပြုမဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ထမ်းဆောင်ပေးကြရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaignကို ဒီဇင်ဘာ ၁၃ ရက်က ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။ မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလှုံ့ဆော်မှု Campaign ကို နိုင်ငံတစ်ဝန်းလုံးဆောင်ရွက် လျက်ရှိသည်။ အဆိုပါအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ...

ဘီလာရုစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို လွတ်ငြိမ်းခွင့်ပေး

ဘီလာရုစ်နိုင်ငံ၏ ပိုတက်ရှ်လုပ်ငန်းအပေါ် ဒ-ဏ်ခတ်ပိတ်ဆို့ထားမှုများအား ရုပ်သိမ်းပေးမည်ဟု အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက နိုင်ငံရေးအကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးရန် အမိန့်ထုတ်လိုက်သည်။ သမ္မတဒေါ်နယ်ထရမ့်ပ်၏ ဘီလာရုစ်နိုင်ငံဆိုင်ရာ အထူး သံတမန် ဂျွန်ကိုးလ်နှင့် နှစ်ရက်ကြာ ဆွေးနွေးမှုများအပြီးတွင် လူကာရှန်ကိုက အဆိုပါနိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ဘီလာရုစ်သတင်းဌာန ဘဲလ်တာက သတင်းဖော်ပြသည်။ စနေနေ့က လွတ်မြောက်လာသူများတွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများတွင် လူသိများထင်ရှားလာပြီး ၂၀၂၁ ခုနှစ်တွင် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရသည့် ပုလွေတူရိယာပညာရှင် မာရီယာ...

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071