Friday, September 11, 2026

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC) ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်တို့ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့သည် ယနေ့...

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် က ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်...

သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် တို့ ယနေ့ စက်တင်ဘာ...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန်...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Samdech KHUON Sundary...
HomeNewsLocal Newsဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ

နေပြည်တော်၊ စက်တင်ဘာ ၁၁

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လာမည့် ၂၄ နာရီအတွင်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကာ ရေပြင်လေမှာ အနောက် သို့မဟုတ် အနောက်တောင်မှ တစ်နာရီလျှင် ပင်လယ်မိုင် ၁၀ မှ ၁၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ ၂၅ မိုင်မှ ၃၀ မိုင်အထိ တိုက်ခတ်နိုင်သည်။

အဆိုပါ ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့် ရှိနိုင်သည်။

ထို့အတူ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး ရေပြင်လေမှာ တောင် သို့မဟုတ် အနောက်တောင်မှ တစ်နာရီလျှင် ပင်လယ်မိုင် ၁၀ မှ ၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ ၃၀ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးထား သည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

လက်ရှိဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့ဆွေးနွေး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC) ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်တို့ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်နံနက် ၁၁ နာရီခွဲက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးရှည် လျားကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်နိမိတ်များထိစပ်နေသည့် နိုင်ငံများမဟုတ်သော်လည်း ဘာသာရေး၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအရ တူညီသည့်ဆက်နွယ်မှုများရှိပြီး နှစ်နိုင်ငံဆက်ဆံမှုများကောင်းမွန်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ၌ အပြန်အလှန်ရပ်တည် ထောက်ခံလျက်ရှိမှု၊ အစိုးရအဖွဲ့အစည်းများကြားသာမက တပ်မတော်နှစ်ရပ်ကြားနှင့် ပြည်သူများကြားတွင်လည်း...

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် က ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကအဖြစ် တာဝန်ယူချိန်တွင် မြန်မာနိုင်ငံတော်သမ္မတ၏ ကူညီဆောင်ရွက်မှုပေးမှုများကိုကျေးဇူးတင်ကာ ယနေ့ နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရေးဆွေးနွေးဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်သည်ဟု ပြောကြားခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတကလည်း ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ဖနောင်ပင်မြို့၏ မြို့ပြစနစ်တကျခေတ်မီတိုးတက်လာမှုများကိုတွေ့မြင်ရ၍ဂုဏ်ယူကာ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးတို့အတွက် မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသည့်စိတ်၊...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့ဆွေးနွေး

သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် တို့ ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေ ၄ နာရီကျော်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ရပ်တည်ထောက်ခံပေးလျက်ရှိမှု၊ နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍတို့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071