ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လက်ရှိအချိန်၌ မြောက်ယွန်းယွန်းသို့ရွေ့လျားခဲ့ပြီး လာမည့် ၃၆ နာရီအတွင်းပိုမိုအားကောင်းလာနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။
ထို့ကြောင့် ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်တွင် ယနေ့ မေ ၁၂ ရက်မွန်းတည့်မှ လာမည့် ၂၄ နာရီအတွင်း လှိုင်းအမြင့် (၅)ပေမှ (၇) ပေခန့်အထိရှိသော လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်ဟု မိုးဇလက အသိပေးခဲ့သည်။
ထို့ပြင် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင် လယ်ပြင်တွင်လည်း လှိုင်းအမြင့် (၅)ပေမှ (၇)ပေခန့်အထိရှိသော လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ဟု မိုးဇလက အသိပေးခဲ့သည်။
