မြို့တော်ဒါကာ၏ ဥတ္တရဧရိယာရှိ Milestone ကောလိပ်ကျောင်းဝန်းအတွင်း ဘင်္ဂလားဒေ့ရှ်လေတပ် အမောင်းသင်လေယာဉ်တစ်စင်း ပျ-က်ကျခဲ့မှုတွင် ေ-သဆုံးသူဦးရေသည်၂၇ ဦးအထိ မြင့်တက်လာခဲ့သည်။
ေ-သဆုံးသူများတွင် ကလေး ၂၅ ဦး၊ လေယာဉ်မှူးတစ်ဦးနှင့် ကျောင်းဆရာတစ်ဦးတို့ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီး နောက်ထပ် လူပေါင်း ၇၈ ဦးခန့်သည် ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေရကြောင်းလည်း သိရသည်။
National Institute of Burn and Plastic Surgery တွင် အင်္ဂါနေ့(ဇူလိုင် ၂၂) က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အတိုင်ပင်ခံချုပ်၏ အထူးလက်ထောက်ဖြစ်သူ ဒေါက်တာဆေယီဒူရ်ရာမန်က နောက်ဆုံးရ အ ေ-သအပျေ-ာက်စာရင်းကို အတည်ပြုပြောဆိုခဲ့သည်။
လက်ရှိအချိန်အထိ ရုပ်အလေ-ာင်း ၂၀ ခန့်ကို သက်ဆိုင်ရာ မိသားစုများထံ လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မီးလောင်ဒဏ်ရာရရှိခဲ့သော ကလေးငယ်များအတွက် ဆုတောင်းပေးရန်နှင့် ဆေးရုံတွင် လူစုလူဝေးမလုပ်ကြရန် ဒေါက်တာ ဆေယီဒူရ်က တောင်းဆိုခဲ့သည်။ အချို့သည် ရှားပါးသော သွေးအမျိုးအစား လိုအပ်သူများဖြစ်သော်လည်း မိမိတို့တွင် သွေးအလှူရှင် လုံလုံလောက်လောက်ရှိထားသည်ဟုလည်း ၎င်းက ဆိုခဲ့သည်။
FT-7BGI တိုက်လေယာဉ်သည် ကူရ်မီတိုလာလေတပ်စခန်းမှ မွန်းလွဲ ၁း၀၆ နာရီတွင် ပျံတက်ခဲ့ပြီး မိနစ်ပိုင်းအကြာ မွန်းလွဲ ၁း၁၈ နာရီအချိန်တွင် နှစ်ထပ်ကျောင်းအဆောက်အအုံအတွင်း ပျ-က်ကျခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးရုံး(ISPR) က သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
Ref: ဒါကာထရီဗြူးန်
