Tuesday, May 20, 2025

အမေရိကန်က စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပက စစ်ကိုထောက်ခံနေသည့်...

ယနေ့ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးသည် အလွန်ထူးဆန်းသောအခြေအနေသို့ ရောက်ရှိနေပြီး အမေရိကန်နိုင်ငံက စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပဘက်မှမူ စစ်ကို အပြည့်အဝထောက်ခံနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကနေဒီစင်တာတွင် ပြောကြားခဲ့သည်။ "လူတွေကို ကျွန်တော်ပြောပါတယ်၊...

ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့...

ငလျင်ဘေးသင့် ဒေသများကို ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့ တာဝန်ပြီးဆုံး၍ ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါအဖွဲ့ကို တရုတ်အစိုးရမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးဒဏ်သင့် ဒေသများတွင်...

စင်္ကာပူတွင် HIV ပိုးကူးစက်သူ ၁၅၁...

စင်္ကာပူ၊ မေ ၂၀ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ခုခံစွမ်းအားကျဆင်းမှုကူးစက်ရောဂါ (HIV) ဖြစ်ပွားသူ အသစ် ၁၅၁ ဦးကို တွေ့ရှိရ ကြောင်း...

တစ်ကျော့ပြန်ကိုဗစ်အ‌ရေး ဗီယက်နမ်အစိုးရက ဆေးရုံများကိုသတိပေး

ဟနွိုင်း၊မေ ၂၀ တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ကိုဗစ်ရောဂါကူးစက်မှုများအတွက် လုံလောက်သည့်ဆေးဝါးများ၊သီးသန့်ထားရန်နေရာများနှင့် အခြားလိုအပ်သည့်အရာများကို ကြိုတင်ပြင်ဆင်ထားရန် ဗီယက်နမ်အစိုးရက နိုင်ငံတစ်ဝန်းရှိဆေးရုံများကို ညွှန်ကြားထားသည်ဟုသိရသည်။ ဆေးစစ်ချိန်နှင့် ဆေးကုသမှုခံယူနေစဉ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထိရောက်သည့်ကြိုတင်ကာကွယ်မှုများကို...
HomeInternationalဗြိတိန်အတွက် သူလျှိုလုပ်ပေးမှုဖြင့် အီရန်အရာရှိဟောင်းအား...

ဗြိတိန်အတွက် သူလျှိုလုပ်ပေးမှုဖြင့် အီရန်အရာရှိဟောင်းအား တေရန်က သေဒဏ်ချမှတ်

ဗြိတိန်နှင့် အီရန် နှစ်နိုင်ငံစလုံး၏ နိုင်ငံသားအဖြစ် ခံယူထားသည့် အီရန်အရာရှိဟောင်း အလီရေဇာ အက်ဘာရီအား ဗြိတိန်အတွက် သူလျှိုလုပ်ပေးမှုဖြင့် အီရန်တွင် သေဒဏ်ချမှတ်လိုက်ကြောင်း အီရန်တရားစီရင်ရေးနှင့် ဆက်နွယ်နေသည့် Mizan သတင်းဌာနက ဇန်နဝါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

အက်ဘာရီသည် ယခင်က အီရန်၏ လက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး အီရန်-အီရတ်စစ်ပွဲကို အဆုံးသတ်စေခဲ့သော ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခဲ့သည့် စစ်ဘက်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ကြောင်း အီရန် ပြုပြင်ပြောင်းလဲရေး လိုလားသူ Shargh Daily သတင်းဌာနက ဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် ကွပ်မျက်မှုကို ရပ်တန့်ကာ အက်ဘာရီကို ပြန်လွှတ်ပေးရန် အီရန်နိုင်ငံအား တောင်းဆိုထားသည်။

အက်ဘာရီ သည် ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ဘီဘီစီ သတင်းဌာနက ဖော်ပြထားသည်။

အက်ဘာရီသည် ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးဌာန MI6 အတွက် လျှို့ဝှက်အေးဂျင့်အဖြစ် အလုပ်လုပ်ပေးခဲ့ကြောင်းနှင့် သူသည် အရေးကြီးသော နိုင်ငံတော်အချက်အလက်များကို စုဆောင်းပြီး သတင်းပေးပို့ခဲ့ကြောင်းကို အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနက အတည်ပြုထားသည်ဟု သတင်းမီဒီယာများက ဆိုသည်။

အရာရှိတစ်ဦးသည် အက်ဘာရာအား မကွပ်မျက်ခင် ထောင်ထဲသို့ နောက်ဆုံးအနေဖြင့် လာရောက်တွေ့ဆုံရန် ပြောဆိုခဲ့ကြောင်း ဇနီးဖြစ်သူ မာရီရမ်က ပြောကြားခဲ့သည်။

Source: CNN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်က စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပက စစ်ကိုထောက်ခံနေသည့် ထူးဆန်းသော ကမ္ဘာ့အခြေအနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆို

ယနေ့ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးသည် အလွန်ထူးဆန်းသောအခြေအနေသို့ ရောက်ရှိနေပြီး အမေရိကန်နိုင်ငံက စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပဘက်မှမူ စစ်ကို အပြည့်အဝထောက်ခံနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကနေဒီစင်တာတွင် ပြောကြားခဲ့သည်။ "လူတွေကို ကျွန်တော်ပြောပါတယ်၊ ငါတို့မှာ ငြိမ်းချမ်းရေးသမ္မတ (ဒေါ်နယ်ထရမ့်) ရှိတယ်။ <…> တကယ်တော့ ပုပ်ရဟန်းမင်းကြီး (လီယို ၁၄)ရဲ့ မစ္ဆားတရားပွဲ မဟောမီနေ့က ကျွန်တော်တွေ့ဆုံခဲ့တဲ့ အသင်းတော်ဂိုဏ်းအုပ် တစ်ဦးက 'ဒါကကျွန်တော်တို့အတွက် အလွန်ထူးဆန်းတယ်။ အမေရိကန်သမ္မတက ငြိမ်းချမ်းရေးကိုလိုလားနေပြီး ဥရောပသားအချို့က စစ်တိုက်ရေးအကြောင်းကို အဆက်မပြတ်ပြောနေကြတယ်' လို့ပြောခဲ့တယ်။ ဒါကြောင့် သူတို့စိတ်ထဲမှာ ကမ္ဘာကြီးဟာ အခုအချိန်မှာ...

ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့ တာဝန်ပြီးဆုံး၍ ကူမင်းသို့ ပြန်လည်ရောက်ရှိ

ငလျင်ဘေးသင့် ဒေသများကို ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့ တာဝန်ပြီးဆုံး၍ ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါအဖွဲ့ကို တရုတ်အစိုးရမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးဒဏ်သင့် ဒေသများတွင် လုပ်ငန်းတာဝန်များကို တစ်လကြာအောင်မြင်စွာ ဆောင်ရွက်ပြီးဆုံးခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းအဖွဲ့သည် လွန်ခဲ့သည့် တစ်လအတွင်း မန္တလေးတွင် ကွင်းဆင်းလေ့လာရေးများ ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင် ပိုးသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နမူနာယူပြီးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနည်းများကို ညွှန်ကြားပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်ဟု သိရသည်။

စင်္ကာပူတွင် HIV ပိုးကူးစက်သူ ၁၅၁ ဦးထပ်တိုးလာ

စင်္ကာပူ၊ မေ ၂၀ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ခုခံစွမ်းအားကျဆင်းမှုကူးစက်ရောဂါ (HIV) ဖြစ်ပွားသူ အသစ် ၁၅၁ ဦးကို တွေ့ရှိရ ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၇၈ ဦး မှာ ရောဂါရင့်သည့် အဆင့် ဖြစ်ကြောင်း ကူးစက်ရောဂါအေဂျင်စီ (CDA) က ယမန်နေ့ကထုတ်ပြန်သောနောက်ဆုံးပေါ် သတင်းအချက်အလက်များ အရသိရှိရသည်။ အသစ် တွေ့ရှိရသော ရောဂါဖြစ်ပွားသူများ၏ ၆၂ ရာခိုင်နှုန်းခန့်ကို ဆေးကုသမှုကာလအတွင်း တွေ့ရှိခဲ့ပြီး အများစုမှာ HIV ပိုးကူးစက်မှု၏အနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လူနာသစ်ထက်ဝက်ကျော်ကို နောက်ကျမှ ရောဂါရှိ‌ေကြာင်း တွေ့ရခြင်းမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071