ဗုဒ္ဓဂါယာဘုရားဖူးပို့ဆောင်မည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ဇူလိုင်စတုတ္ထပတ်နောက်ဆုံးထားကာမှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ဗုဒ္ဓဂါယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီ က သိရသည်။
၂၀၂၅-၂၀၂၆ ဗုဒ္ဓဂါယာဘုရားဖူးခရီးသွားရာသီတွင် ဘုရားဖူးပို့ဆောင်မည့် ခရီးသွားကုမ္ပဏီ အဟောင်း ၊ အသစ် အားလုံး မှတ်ပုံတင်စာရင်းပေးသွင်းရမည်ဖြစ်သည်။
ကုမ္ပဏီများအနေဖြင့် ဇူလိုင် ၁ ရက်က စတင်ပြီး ဗုဒ္ဓဂါယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီထံ မှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ပြီး ဇူလိုင် ၂၁ ရက် နောက်ဆုံးပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
မှတ်ပုံတင်စာရင်းပေးသွင်းမည့်သူများအနေဖြင့်အဖွဲ့ဝင်အဖြစ်လျှောက်ထားလွှာ၊ ကိုယ်ရေးအကျဉ်းချုပ်၊သက်တမ်းရှိ ကုမ္ပဏီလိုင်စင်၊ သက်တမ်းရှိ ကုမ္ပဏီအနှစ်ချုပ်၊သက်တမ်းရှိ ပြည်တွင်း/ပြည်ဝင် (Inbound Tour) လိုင်စင် ၊ သက်တမ်းရှိ ပြည်ပလိုင်စင်၊ MD လျှောက်ထားသူ၏မှတ်ပုံတင်နှင့် ၂ လက်မပတ်လည်( နောက်ခံအဖြူရောင် ကာလာဓါတ်ပုံ)နှင့်အတူ အတူသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ) ၌ လျှောက်ထားနိုင်ကြောင်း သိရသည်။
ဗုဒ္ဓဂါယာကို အောက်တိုဘာမှ ဧပြီလအထိ အများဆုံးသွားလာကြသည်။ဂါယာသည် ဧပြီလမှ စ၍ အပူချိန်ပြင်းထန်းလွန်းသဖြင့် သက်ကြီးရွယ်အိုများသွား၍ မသင့်တော်ပေ။
