ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝပ် နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ကြာသပတေးနေ့မွန်းလွဲပိုင်း တွင်ရောက်ရှိခဲ့သည်။
ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chính ၏ ဖိတ်ကြားချက်အရ မေလ ၁၅ ရက်မှ ၁၆ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ တရားဝင်သွားရောက်ခြင်းဖြစ်သည်။
ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများသည် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့၏ ၄ ကြိမ်မြောက် ပူးတွဲအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ဗီယက်နမ်ရှိ ထိုင်းကုန်သည်ကြီးများအသင်းနှင့် ဗီယက်နမ်၏ပုဂ္ဂလိကကဏ္ဍတို့လည်း ဆွေးနွေးသွားရန် စီစဉ်ထားသည်။
ထိုင်း-ဗီယက်နမ် စီးပွားရေးဖိုရမ်ကိုလည်း ပူးတွဲဖွင့်လှစ်မည်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်သည် မေလ ၁၅ ရက်က ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဗီယက်နမ်လက်မှုပစ္စည်း ပြပွဲသို့ သွားရောက်လေ့လာခဲ့သည့် ပေတုံတန်က နှစ်နိုင်ငံစလုံးသည် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး စိန်ခေါ်မှုများ လျင်မြန်စွာ ပြောင်းလဲနေသည့်အချိန်ကိုဖြတ်သန်းနေကြောင်း၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်နိုင်သည့်အတွက် ဝမ်းမြောက်မိကြောင်း၊ယခုခရီးစဉ်အတွင်း ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို ဘက်ပေါင်းစုံမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref:Khaosod