Wednesday, September 9, 2026

ဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကုမ္ပဏီများ MoU လက်မှတ်ရေးထိုး ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆန်စပါး၊ မျိုးစေ့၊ ဆန်စက်ပစ္စည်း၊...

(၇၄) ကြိမ်မြောက် အဘအောင်မင်းခေါင်ထွက်ပွဲ၊ အောင်ပွဲ၊...

ရန်ကုန်၊ စက်တင်ဘာ ၉ (၇၄) ကြိမ်မြောက် အဘအောင်မင်းခေါင်ထွက်ပွဲ၊ အောင်ပွဲ၊ပူဇော်ပွဲနှင့် ကျေးဇူးဆပ်ပွဲကို ယောက်ကော်ဆရာလေး ဦးစီး၍ ယနေ့ စက်တင်ဘာ ၉ ရက်တွင်...

ဟောင်ကောင်၏ ပထမဆုံး ကိုလိုနီခေတ်လွန်ခေါင်းဆောင် တန်ချီးဟွာ...

တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိပြီးနောက် ပထမဆုံး အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တန်ချီးဟွာသည် အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း ၎င်း၏ရုံးက...
HomeNewsLocal Newsဗီယက်နမ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး...

ဗီယက်နမ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး အာဆီယံတန်ဖိုးကွင်းဆက်သစ်များ ဖော်ဆောင်ရန် UMFCCI ဥက္ကဋ္ဌ တိုက်တွန်း

ဟနွိုင်း၊ စက်တင်ဘာ ၉

ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ကာ အာဆီယံတန်ဖိုးကွင်းဆက်သစ်များ (New ASEAN Value Chain Linkages) ဖော်ဆောင်သွားရန် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက တိုက်တွန်းပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင် ဟနွိုင်းမြို့ Melia Hotel ၌ ကျင်းပသည့် “ဗီယက်နမ်-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆” တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် မစ္စတာ ငိုရင်ဗန်သန် (Mr. Nguyen Van Thang) အပါအဝင် နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါဖိုရမ်သည် နှစ်နိုင်ငံစီးပွားရေးအသိုက်အဝန်းများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုတိုးမြှင့်ပေးနိုင်မည့်အပြင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဦးအေးဝင်းက ဆိုသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် စက်မှုထုတ်လုပ်မှု၊ နည်းပညာနှင့် ပို့ကုန်ကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးမှုအားကောင်းသည့် အားသာချက်များရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မဟာဗျူဟာကျသည့် တည်နေရာ၊ သဘာဝအရင်းအမြစ်များ၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်သားအင်အားများ ရှိနေကြောင်း ၎င်းက ဆိုသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်လုပ်ရေး၊ ဆန်၊ ပဲမျိုးစုံ၊ အပူပိုင်းသီးနှံများ၊ ရေထွက်ကုန်များ၊ ကော်ဖီနှင့် လက်ဖက်၊ အထည်ချုပ်လုပ်ငန်းများတွင် အလားအလာကောင်းများ ရှိနေကြောင်း သိရသည်။

ထိုအလားအလာများနှင့် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီနည်းပညာ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ကမ္ဘာ့ဈေးကွက်ထိုးဖောက်နိုင်မှု အားသာချက်များကို ပေါင်းစပ်နိုင်ပါက နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် နှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ချောမွေ့စေရေး၊ ဘဏ္ဍာရေးနှင့် ငွေပေးချေမှုစနစ်များ ပိုမိုလွယ်ကူချောမွေ့စေရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသည့် အကာအကွယ်ပေးနိုင်ရေးတို့သည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

“အာဆီယံဒေသတွင်း စီးပွားရေးပေါင်းစည်းမှု (ASEAN Economic Integration) ကနေ နှစ်နိုင်ငံ စိုက်ပျိုးရေး၊ စက်မှုထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးကဏ္ဍတွေမှာ အာဆီယံတန်ဖိုးကွင်းဆက်သစ် ချိတ်ဆက်မှုတွေ (New ASEAN Value Chain Linkages) ကို တည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးအေးဝင်းက ပြောကြားသည်။

ယင်းကဲ့သို့ အာဆီယံတန်ဖိုးကွင်းဆက်သစ်များ ဖော်ဆောင်ခြင်းမှတစ်ဆင့် ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာပြီး နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးသမိုင်းတွင် စာမျက်နှာသစ်တစ်ရပ်ကို အတူတကွ ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကုမ္ပဏီများ MoU လက်မှတ်ရေးထိုး ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆန်စပါး၊ မျိုးစေ့၊ ဆန်စက်ပစ္စည်း၊ သိုလှောင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကို စက်တင်ဘာ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Melia Hotel ၌ ကျင်းပသည့် Myanmar-Vietnam Business Forum 2026 တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်...

(၇၄) ကြိမ်မြောက် အဘအောင်မင်းခေါင်ထွက်ပွဲ၊ အောင်ပွဲ၊ ပူဇော်ပွဲနှင့် ကျေးဇူးဆပ်ပွဲ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၉ (၇၄) ကြိမ်မြောက် အဘအောင်မင်းခေါင်ထွက်ပွဲ၊ အောင်ပွဲ၊ပူဇော်ပွဲနှင့် ကျေးဇူးဆပ်ပွဲကို ယောက်ကော်ဆရာလေး ဦးစီး၍ ယနေ့ စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ်ရှိ ယောက်ကော်ဆရာလေး၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အဘထွက်ပွဲတွင် လူဦးရေ ၅,၀၀၀ အတွက် လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ဦးလျှင် ပစ္စည်းတန်ဖိုး ကျပ် ၃ သိန်းကျော်ရှိသည့် ဆန်၊ ဆီ၊ ပါတိတ်၊ ဆပ်ပြာမှုန့်အပါအဝင် ပစ္စည်းအမျိုးအမယ်ပေါင်း ၁၆ မျိုး ပါဝင်သည့် လှူဒါန်းပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071