Monday, May 4, 2026

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော်...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ...

ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့

၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး...

မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ မီးပလပ်ခုံအပူလွန်ကဲရာမှမီးလောင်မှုဖြစ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ ယနေ့ မေ ၄ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း...

ရန်ကုန်တိုင်း၌ Football For School...

အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့တို့၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အဖြစ် Football For School Program အရ...
HomeNewsLocal Newsဗီယက်နမ်နှင့်စွမ်းအင်ကဏ္ဍပိုမိုပူးပေါင်းသွားမည်--ဂျပန်ဝန်ကြီးချုပ်

ဗီယက်နမ်နှင့်စွမ်းအင်ကဏ္ဍပိုမိုပူးပေါင်းသွားမည်–ဂျပန်ဝန်ကြီးချုပ်

မေလ ၂ ရက်

ဂျပန်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ပြီး စွမ်းအင်နှင့် အရေးကြီးသတ္တုတွင်းထွက်ကဏ္ဍများကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆနားအဲတာကအိချိ က ပြောကြားခဲ့သည်။

တာကာအိချိသည်  ဗီယက်နမ် ဝန်ကြီးချုပ် လီမင်ဟန်နှင့် စနေနေ့က ဟနွိုင်းမြို့တွင် တွေ့ဆုံခဲ့ပြီး အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေးနှင့် အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကဏ္ဍအသီးသီးအတွက် သဘောတူညီချက် ၆ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

“အရေးကြီးသတ္တုတွင်းထွက်တွေနဲ့ ပတ်သက်ပြီး တည်ငြိမ်တဲ့ ထောက်ပံ့မှုတွေ ရရှိစေဖို့နဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ပိုမိုခိုင်မာစေဖို့ နှစ်ဖက်စလုံးက အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် “တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသော အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေများအပေါ် အခြေခံ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရန် အရေးကြီးပုံကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြသည်” ဟု ဟန်က ပြောကြားခဲ့သည်။

ဂျပန်နှင့် ဗီယက်နမ်တို့သည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် တရုတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားချက်များအပေါ် စိုးရိမ်ကြပြီး နှစ်နိုင်ငံစလုံးသည် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများကို ကျယ်ပြန့်စေခြင်းဖြင့် အမေရိကန်က ဦးဆောင်သော ကုန်သွယ်မှုဆိုင်ရာ အနှောင့်အယှက်များမှ ကာကွယ်ရန် ကြိုးပမ်းခဲ့ကြသည်။

ဗီယက်နမ်အစိုးရနှင့် အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ပထမသုံးလပတ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ၁၂.၃ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလျံအထိ ရှိခဲ့သော်လည်း ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူများအနက် တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအသစ်မှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းကာ အမေရိကန်ဒေါ်လာ ၂၃၃ သန်းသာ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် တွန်းအားပေး လုပ်ဆောင်လာခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ဈေးနှုန်းများ မြင့်တက်လာပြီး ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်လာချိန်တွင် ရေနံထောက်ပံ့ ဖြည့်တင်းမှုများအတွက် ဂျပန်နှင့် အခြားနိုင်ငံများထံမှ အကူအညီများကို ရှာဖွေလျက်ရှိသည်။

အာရှနိုင်ငံများ၏ စွမ်းအင်ဖူလုံမှုကို ထောက်ပံ့ပေးမည့် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ Power Asia Initiative အရ ဂျပန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ Nghi Son ရေနံချက်စက်ရုံနှင့် ရေနံဓာတုဗေဒဆိုင်ရာ အဆောက်အအုံအတွက် ရေနံစိမ်း ကို ထောက်ပံ့ပေးရန် ကူညီသွားမည်ဖြစ်ကြောင်း ဟန်က ပြောကြားခဲ့သည်။

ထို့ပြင် တာကာအိချိသည် စနေနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ သမ္မတ တိုလမ်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဂျပန်နိုင်ငံ “လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်” မဟာဗျူဟာ မိတ်ဆက်ခြင်း ၁၀ နှစ်ပြည့်အဖြစ် ဗီယက်နမ်အမျိုးသားတက္ကသိုလ်တွင် အဓိကမိန့်ခွန်းတစ်ရပ်ကို ပြောကြားသွားမည် ဖြစ်သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော် တိုးမြှင့်တင်ပို့မည်

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ ည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃)သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ ရော်ဘာတင်ပို့မှုအရ တရုတ်နိုင်ငံသို့ (၇၅) ရာခိုင်နှုန်းခန့် တင်ပို့လျက်ရှိပြီး...

ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့

၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး ယခင်နှစ်များထက် ကုန် ကျစရိတ် အဆပေါင်းများစွာပိုလာကြောင်း သိရသည်။ " ဒီနှစ်ကတော့ပြောရရင် စံချိန်တင်ပဲ။ တော်တော်ကိုရှုံးတယ်။ တရုတ်ကို တင်ပို့တဲ့နေရာမှာလည်း လမ်းခရီးကရှည်တော့ ကုန်ကျစရိတ်ကပိုများတယ်။ စိုက်တဲ့တောင်သူတွေဆိုရင်လည်း သွင်းအားစုစရိတ်တွေကမြင့်နေတာ။ စျေးကောင်းကလုံးဝမရဘူး။ အကုန်အထိနာကုန်တာပေါ့" ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။ ဈေးကွက်စဖွင့်ချိန်၂၀၂၅ခုနှစ် နိုဝင်ဘာလအစတွင် အစီးရေအနည်းငယ်သာ ဈေးကောင်းခဲ့ပြီး ရာသီကုန်ချိန်အထိ အကျဘက်ထိုးဆင်းသွားကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးထုတ်လုပ်ရေးအရင်းအနှီး...

မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ မီးပလပ်ခုံအပူလွန်ကဲရာမှမီးလောင်မှုဖြစ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ ယနေ့ မေ ၄ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်တွင်ထားရှိသည့် မီးပလပ်ခုံအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ အနီးဝန်းကျင်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီခွဲတွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်ပျက်စီးဆုံးရှုံးပြီး အနီးဝန်းကျင်သို့ကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့ဘဲ မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်အား မီးပေါ့ဆစွာအသုံးပြုမှုဖြင့် သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071