Monday, December 15, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsဗီယက်နမ်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့်ပူးပေါင်း၍...

ဗီယက်နမ်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့်ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ကုသပေးနေ

ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)၌ ဗီယက်နမ်နို င်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့် ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါ ကလေးလူနာများအား ကုသမှုဆောင်ရွက်ပေးနေကြောင်း သိရသည်။

မွေးရာပါ နှလုံးရောဂါများကို ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သော ခက်ခဲသည့် ခွဲစိတ်ကုသမှုများနှင့် ခွဲစိတ်ရန်မလိုဘဲ နှလုံးနှင့် သွေးကြောအထူး ကုသစက် (Cardiac Cathete ri-zation Lab) အသုံးပြု၍ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာမှ ကျွမ်းကျင်သူ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများ၊ အထူးကုအဖွဲ့များနှင့် ပူး ပေါင်း၍ ကုသမှုများဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ၂၀၂၅ ခုနှစ် ဇူလိုင် (၃) ရက်မှ (၄) ရက်အ ထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children’s Hospital No. 1 မှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့် မြန်မာနိုင်ငံမှ က လေးနှလုံးအထူးကု ဆရာဝန်ကြီးများနှင့်အတူ မွေးရာပါ နှ လုံးရောဂါ ကလေးလူနာ (၁၇) ဦးအား ခွဲစိတ်စရာမလိုဘဲ နှလုံးနှင့် သွေးကြောအထူးကုသစက် (Cardiac Catheteriz ation Lab) ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော အ ဆို့(Device)များ၊ ဆေးနှင့် ဆေးပစ္စည်းများ အသုံးပြု၍ ကုသခြင်းနှင့် ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးလူနာများအား ၂၀၂၅ ခုနှစ် ဇူလိုင် (၂၂) ရ က်မှ (၂၃)ရက်အထိ ပြန်လည်ခေါ်ယူပြီး Follow up ကြည့်ရှုခြင်းနှင့် နှလုံးစမ်းသပ်စက် (Echo) ရိုက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ ကလေးလူနာများ၏ အခြေအနေသည် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) ၌ ၂၀ ၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် ဇူလိုင် (၂၄) ရက်အထိ ကလေး နှလုံးရောဂါဝေဒနာရှင် (၄၉၆) ဦးအား မခွဲစိတ်ရဘဲ နှလုံးနှင့် သွေးကြောအထူးကုသစက်များ အသုံးပြု၍လည်း ကောင်း၊ ကလေးနှလုံးရောဂါဝေဒနာရှင် (၄၈၈) ဦးအား ခွဲစိ တ်ကုသမှုများဆောင်ရွက်၍လည်းကောင်း အောင်မြင်စွာကု သမှုပေးနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071