ဗီယက်နမ်ခေါင်းဆောင် တူလမ်သည် မြောက်ကိုရီးယား အလုပ်သမားပါတီထူထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ရန် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက တနင်္လာနေ့တွင် သတင်းဖော်ပြလိုက်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ ဖိတ်ကြားချက်အရ ဤခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကိုလည်း သတင်းတွင်ရေးသား ဖော်ပြထားသည်။
ယခုခရီးစဉ်သည် တသီးတသန့်နေထိုင်သော မြောက်ကိုးရီးယားနိုင်ငံသို့ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ဗီယက်နမ်ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
ကွန်မြူနစ်နှစ်နိုင်ငံ ဖြစ်သော ဗီယက်နမ် နှင့် မြောက်ကိုရီးယားသည် ရင်းနှီးသော သံတမန်ဆက်ဆံရေးကိုအစဉ်ထား ရှိသော်လည်း လက်ရှိတွင် ကုန်သွယ်မှုဆက်ဆံရေးများ မရှိကြောင်း ပြုံယမ်းရှိ ဗီယက်နမ်သံရုံးက ပြောသည်။
Ref: ယဟျူးနူးစ်၊ သည်စထရိတ်တိုင်းမ်စ်
