ဗီယက်နမ် မင်းသမီး ငုရင်ထရန် ဟုရန်မေ က မတ်လ ၁၈ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြု လုပ်မယ့် အကယ်ဒမီ ပေးပွဲကို တက်ရောက် မှာ ဖြစ် ကြောင်း သိရပါတယ်။ ဗီယက်နမ် မင်းသမီး ငုရင် ထရန်ဟုရန်မေ က ဒါရိုက်တာသြရသ ရိုက်ကူး မယ့် “တိမ်တိုက် တံတား” ရုပ်ရှင်ဇာတ် ကားကြီး ကို နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ တို့နဲ့အတူ ကလောမှာ ရိုက်ကူးဖို့ မြန်မာနိုင်ငံကို မတ်လ ၁၂ ရက်နေ့မှာ ရောက်ရှိလာ မှာဖြစ်ပြီး အကယ်ဒမီ ပေးပွဲနဲ့ ကြုံကြိုက်တဲ့ အ တွက် တက်ရောက်ခြင်း ဖြစ်ကြောင်း Myanmar Media 7 ရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။
“ငုရင်က မတ်လ ၁၂ရက်နေ့မှာ ရောက်မယ်။ မတ်လ ၁၈ ရက်နေ့က အကယ်ဒမီ ပေးပွဲရှိတော့ အကယ်ဒမီ ပေးပွဲ တက်ဖြစ်မယ်။ အကယ် ဒမီပေး ပွဲကို သူက ဧည့်သည် တစ်ဦး အနေနဲ့ တက်ဖြစ်မှာပါ” လို့ပြောပါတယ်။ Myanmar Media 7 နဲ့ အနု ပညာ လုပ်ငန်းများ လုပ်ဆောင် ရန် စာချုပ်ချုပ် ဆိုထားတဲ့ ဗီယက်နမ် မင်းသမီး ငုရင် ထရန်ဟုရန်မေ က အခု နောက်ပိုင်းမှာ ကြော်ငြာ များလည်း ရိုက်ကူး လာရ တာ တွေ့ရပါတယ်။ သူက ဖေဖော်ဝါရီလ ၂၅ ရက် နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဖေဖော် ဝါရီလ ၂၆ရက်နေ့က ကျင်းပတဲ့ VeVe နှစ်၂ဝပြည့် ညစာစားပွဲကို တက်ရောက်ခဲ့ သလို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှာတော့ VeVe ကြော်ငြာ ရိုက်ကူး ခဲ့ကာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဗီယက်နမ် နိုင်ငံ ကို ပြန်သွားခဲ့ပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း