အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ်၊ ၄၇/၂၀၂၅ ဖြင့် ယနေ့ အောက်တိုဘာ ၂၉ ရက်က ကြည်း ၃၁၆၆၇ ဗိုလ်မှူးကြီးသိန်းဇော်မြင့်အား တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးကြီးသိန်းဇော်မြင့်အား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် သည်။
