ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ လာမည့် ဧပြီ ၃၀ ရက် (ကဆုန်လပြည့်) နေ့ နံနက် ၆ နာရီခွဲတွင် (၅၅) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ အနောက်ဘက်ထောင့်ရှိ “မဟာဗောဓိ”ပင်၌ ရဟန်းရှင်လူများ ယင်းနေ့တစ်နေကုန် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်ရန်အတွက် အမွှေးနံ့သာ၊ အောင်သပြေအိုးများကိုလည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
