Thursday, May 22, 2025

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက်...

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မေ(၂၁)ရက်က အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)...

အမေရိကန်တွင် ‌ေ-သဆုံးခဲ့သော သံတမန်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်...

အမေရိကန်ပြည်ထောင်စုတွင် အစ္စရေးသံတမန်နှစ်ဦး လုပ်-ကြံခံရပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ သံရုံးအဆောက်အအုံများတွင် အစ္စရေးအလံများကို တိုင်တစ်ဝက်ချလွှင့်ထူထားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က...

ဘက်တီးရီးယားများကိုအသုံးပြု၍လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်တရုတ်

မေ ၂၂ တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်နိုင်ပြီး အကြိမ်ပေါင်း များစွာ အလိုအလျောက်အားပြန်သွင်းနိုင်သည့်ဘက်တီးရီးယားများကိုအခြေခံထားသော ဇီဝဘက်ထရီ ပုံစံသစ်ကို တီထွင်ခဲ့သည်။ သေးငယ်သော ဇီဝဘက်ထရီများအတွက် ဤအဓိကအရေးကြီးသော ရှာဖွေတွေ့ရှိမှုကို...

အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရန် မားကို့စ် အမိန့်ပေး

၎င်း၏ အာဏာထိန်းချုပ်မှု အားနည်းသွားသည်ဟု လေ့လာသူများက သုံးသပ်သည့် လူကြိုက်များမှု လျော့ကျသွားသော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်ပြီး တစ်ပတ်ကျော်အကြာတွင် အစိုးရတစ်ဖွဲ့လုံးကိုနုတ်ထွက်ကြရန် ဖိလစ်ပိုင် သမ္မတ...
HomeNewsLocal Newsဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က ရုရှားသမ္မတ ပူတင်ထံ သဝဏ်လွှာပို့

ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က ရုရှားသမ္မတ ပူတင်ထံ သဝဏ်လွှာပို့

မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသမ္မတထံသို့ သဝဏ်လွှာပေးပို့ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့ချိန်မှစ၍ မိမိတို့နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊နားလည်မှုတို့ဖြင့် ထူးခြားသောကာလရှည်ကြာချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပိုင်ဆိုင်ထားပါ​ကြောင်း၊

နိုင်ငံတကာအခင်းအကျင်းတွင် ပြောင်းလဲမှုများရှိသော်လည်း မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့်မိတ်ဖက်ဆောင်ရွက်မှုတို့သည် ဆက်လက်နွေးထွေးနီးကပ်နေဆဲပင်ဖြစ်​ကြောင်း၊

ရုရှားနိုင်ငံ၌ မြန်မာကျောင်းသားများစွာ ပညာသင်ယူခဲ့၊သင်ယူဆဲရှိကာ ပြည်သူအချင်းချင်းဆက်သွယ်မှုများလည်းရှိ​နေ​ကြောင်း၊ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံကိုအရေးကြီးပြီး ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံအဖြစ် အစဉ်မှတ်ယူထား​ကြောင်း၊

မြန်မာနိုင်ငံ၏ ခက်ခဲသောကာလများတွင် အစဉ်တစိုက် ထောက်ခံပေးမှုအပေါ် မြင့်မားစွာတန်ဖိုးထားကျေးဇူးတင်ရှိ​ကြောင်း၊

နှစ်နိုင်ငံအဆင့်မြင့်အပြန်အလှန်ခရီးစဉ်များနှင့် နယ်ပယ်စုံအဆင့်အသီးသီးတွင် ထိတွေ့ဆက်ဆံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာခြင်းသည် နှစ်နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးရလဒ်ကောင်းများကိုဖြစ်ထွန်းစေခဲ့ခြင်းကို ဝမ်းမြောက်ပါ​ကြောင်း၊

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက မိမိ၏ခရီးစဉ်အတွင်း၌ မိမိတို့နှစ်ဦးလုံးသည် နှစ်နိုင်ငံဆက်ဆံရေးနှင့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ပိုမိုမြှင့်တင်သွားရန် သဘောတူခဲ့ကြသည်ကို ဝမ်းမြောက်စွာအမှတ်ရမိပြီး များမကြာမီကာလအတွင်း စိန့်ပီတာစ်ဘတ်မြို့နှင့်နိုဗိုစီဗစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှု၊ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ မြှင့်တင်ဆောင်ရွက်နိုင်မည်ကို အခိုင်အမာယုံကြည်​ပါကြောင်း၊

၂၀၂၃ ခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှတ်တိုင်တစ်ရပ်ကို အမှတ်ရဖော်ကျူးရန် အချိန်ဖြစ်သည့်အပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်၍ အားသစ်လောင်းနိုင်မည့် အချိန်အခါလည်းဖြစ်​ကြောင်း၊

ယခု အရေးပါသည့်အချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့်အာရှပစိဖိတ်ဒေသနှင့်ယင်းဒေသအပြင်ဘက် တည်ငြိမ်သာယာဝပြောရေးအတွက် အထောက်အကူဖြစ်စေမည့် ဘုံအကျိုးစီးပွားဖြစ်ထွန်းစေသည့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်သွားရန် ရုရှားနိုင်ငံ အစိုးရနှင့်ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည့် မြန်မာနိုင်ငံအစိုးရ၏ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုပါ​ကြောင်း သဝဏ်လွှာ၌ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် ဆွေးနွေး

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မေ(၂၁)ရက်က အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်) စုဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ် ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (မူကြမ်း) ပေါ်ထွက်လာရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသူများကလည်း မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (မူကြမ်း) နှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်လိုသည်များကို အကြံပြုဆွေးနွေးကြသည်။ လက်ရှိတွင်လည်း ပြည်ပနိုင်ငံများတွင် အသုံးပြုပြီးသော လျှပ်စစ်သုံးယာဉ်(EV)မှ ထွက်ရှိသည့်...

အမေရိကန်တွင် ‌ေ-သဆုံးခဲ့သော သံတမန်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အစ္စရေးသံရုံးများတွင် အလံများ တိုင်တစ်ဝက်ချထားမည်

အမေရိကန်ပြည်ထောင်စုတွင် အစ္စရေးသံတမန်နှစ်ဦး လုပ်-ကြံခံရပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ သံရုံးအဆောက်အအုံများတွင် အစ္စရေးအလံများကို တိုင်တစ်ဝက်ချလွှင့်ထူထားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ပြောကြားခဲ့သည်။ “ဂျေရုဆလင်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကမ္ဘာတစ်ဝန်းရှိ အစ္စရေးသံရုံးတွေဟာ ကျွန်တော်တို့ ဝန်ထမ်းတွေ အသ--တ်ခံရပြီးနောက် သူတို့ရဲ့အလံတွေကို တိုင်တစ်ဝက်ချထားမှာပါ” ဟု သူက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ ကွယ်လွန်သွားသော သံရုံးဝန်ထမ်းများသည် Yaron Lischinsky နှင့် Sarah Milgrim တို့ဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။ ယင်းမတိုင်မီ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က...

ဘက်တီးရီးယားများကိုအသုံးပြု၍လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်တရုတ်

မေ ၂၂ တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်နိုင်ပြီး အကြိမ်ပေါင်း များစွာ အလိုအလျောက်အားပြန်သွင်းနိုင်သည့်ဘက်တီးရီးယားများကိုအခြေခံထားသော ဇီဝဘက်ထရီ ပုံစံသစ်ကို တီထွင်ခဲ့သည်။ သေးငယ်သော ဇီဝဘက်ထရီများအတွက် ဤအဓိကအရေးကြီးသော ရှာဖွေတွေ့ရှိမှုကို တရုတ်သိပ္ပံအကယ်ဒမီအဖွဲ့အစည်းနှင့် ရှန်ကျန်းတက္ကသိုလ်ရှိ Shenzhen Institutes of Advanced Technology (SIAT) မှ သုတေသီများက တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ သုတေသနကို Advanced Materials သုတေသနဂျာနယ်တွင် ဖော်ပြထားသည်။ ဤတီထွင်မှုအသစ်ဖြစ်သော ဇီဝဘက်ထရီသည် လျှပ်စစ်ထုတ်လုပ်ရန် လျှပ်စစ်ဓာတ်အားသုံး ဘက်တီးရီးယားများကို အယ်လ်ဂျင်နိတ်အခြေခံ ဟိုက်ဒရိုဂျယ်လ်အတွင်းထဲတွင် ထုပ်ပိုးပြီး အသုံးပြုထားသည်။ ဤသက်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071