ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဗားကရာချောက်တွင် ယနေ့ စက်တင်ဘာ ၂၂ ရက်ညနေ ၅ နာရီကျော်ခန့်က ခရီးသည်တင် YBS ကားနှင့် Light Truck ကားတို့တိုက်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက်တွင် ခရီးသည်တင် YBS ကားနှင့် Ligjt Truck ကားတို့တိုက်မိခဲ့ကာ Light Truck ကားမောင်းသူမှာခေါင်းခန်းအတွင်း၌ညှပ်နေခဲ့သဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ညနေ ၅ နာရီ ၂၃ မိနစ်ခန့်တွင် ကားခေါင်းခန်းအတွင်း၌ညပ်နေသည့် ကားမောင်းသူအားကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
