Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsဗဟိုဘဏ်က နိုင်ငံခြားငွေ ကန့်သတ်ချက်များ...

ဗဟိုဘဏ်က နိုင်ငံခြားငွေ ကန့်သတ်ချက်များ ထုတ်ပြန်ပြီးတဲ့နောက် ဒေါ်လာဈေး (၁) ဒေါ်လာ (၂၃၀၀) ကျော်အထိ မြင့်တက်

ဗဟိုဘဏ်က နိုင်ငံခြားငွေ ကန့်သတ်ချက်များ ထုတ်ပြန်ပြီးတဲ့နောက် ဒေါ်လာဈေး  (၁) ဒေါ်လာ (၂၃၀၀) ကျော်အထိ မြင့်တက်

မြန်မာနိုင်ငံ ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း နိုင်ငံခြား ငွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ယနေ့ ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ ကန်ဒေါ် လာဈေးတွေ မြင့်တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံဗဟိုဘဏ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံခြားတွေနှင့် ပတ်သက်သည့် ကန့်သတ်ချက်အချို့ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံသား ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ဘဏ်စာရင်းအတွင်းရှိ ဒေါ်လာများကို မြန်မာငွေသို့ မဖြစ်မနေပြောင်းရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

” မနက်စောစောမှာ (၂၂၄၀) ပတ်လည်လောက်ကနေ နေ့ လယ်ပိုင်းမှာ (၂၃၀၀) ကျော်အထိ တက်သွားတယ်” ဟု ရန်ကုန်မြို့မှ ငွေကြေးလုပ်ငန်းနှင့် ပြည်ပငွေသွင်းငွေထုတ် လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်စွာက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗဟိုဘဏ်၏ ညွှန်ကြားချက်များတွင် ယခင်က ကင်းလွတ်ခွင့်ပြုထားသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္မဏီများ၏ ငွေစာရင်းအတွင်းမှ နိုင်ငံ ခြားငွေ များကို မြန်မာကျပ်ငွေသို့ ပြန်လဲရမည့် ကိစ္စကို ပြန်လည် ပယ်ဖျက်သည့် ညွှန်ကြားချက်လည်း ပါဝင်သည်။

ထို့အပြင် ပြည်ပသို့ ပေးရမည့် ကြွေးမြီများကိုလည်း ပေးချေခြင်း မပြုဘဲ ဆိုင်းငံ့ထားရန် စသည့် နိုင်ငံခြားငွေနှင့် ပတ်သက်သည့် ဗဟိုဘဏ်၏ ညွှန်ကြားချက်များကြောင့် ယခုလို ဒေါ်လာဈေးနှုန်း ဂယက်ထ လာခြင်း ဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်မှုများရှိသည်။

ဟုတ်ပါတယ်။ ဗဟိုဘဏ် ထုတ်ပြန်ချက်တွေရဲ့ နောက် ဆက်တွဲ ရိုက်ခတ်မှုပေါ့။ ဘယ်လောက်အထိ တက်ဦးမလဲ မခန့်မှန်း နိုင်ဘူး” ဟု ကိုကျော်စွာက ပြောသည်။

ပြင်ပဈေးကွက်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက (၁) ဒေါ် လာလျင် မြန်မာကျပ်ငွေ( ၂၁၅၀) ဝန်းကျင်ပေါက်ဈေး ရှိနေရာမှ ယနေ့ ညနေပိုင်းတွင်( ၂၃၅၀) အထိ မြင့်တက်လာကြောင်း ပြည်တွင်း ငွေလဲကောင်တာများနှင့် နှီးစပ်သူ သတင်းရင်းမြစ်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသည့် နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေသို့ မဖြစ်မနေ လဲလှည်ရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားထားပြီး ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၁၈၅၀) အဖြစ် ရည်ညွှန်း သတ်မှတ်ထားသည်။

နယ်စပ်ကုန်သွယ်မှု လုပ်ဆောင်ရာတွင်လည်း ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို ကန်ဒေါ်လာဖြင့်သာ ငွေပေးချေရန်လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071