နိုင်ငံတော် သမ္မတကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား မြန်မာနိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း အပေါ် အထူးဝမ်းမြောက်ဂုဏ်ပြုအပ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP ) ပါတီ က ယနေ့ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းအပေါ် ဝမ်းမြောက်ကြောင်း နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို လေးစားစွာကြိုဆိုဂုဏ်ပြုကြောင်းလည်း ဖော်ပြထားသည်။
နိုင်ငံတော်၏ တည်ငြိမ်းအေးချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊တရားဥပဒေစိုးမိုးရေး၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အလေးထား၍ သမ္မတကြီး ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PPP ပါတီအနေဖြင့်လည်း နိုင်ငံတော် နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် အပြုသဘောဆောင်စွာ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင် အား ကိုယ်စိတ်နှစ်ပါးကျန်းမာစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် ထမ်းဆောင်မည့် တာဝန်ဝတ္ထရားများကို အောင်မြင်စွာဆောင်ရွက်နိုင်စေကြောင်း နိုင်ငံ တည်ငြိမ်းအေးချမ်းရေး ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်ရေး နှင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်စေကြောင်းလည်း ဆုမွန်ကောင်းတောင်း ဂုဏ်ပြုအပ်ကြောင်း ဖော်ပြထားသည်။
