တစ်နေ့ကို ချောကလက် ၁၀၀ဂရမ်စားသုံးပေးရုံနဲ့ နှလုံးနဲ့သွေးကြော တွေ အတွက် အရေးပါတဲ့ နှလုံးခုန်နှုန်း ကောင်းစေခြင်းအပြင် နှလုံး သွေးကြောကိုပါ အားကောင်းစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ကောင်းကျိုးအများဆုံး ပေးတဲ့ချော့ကလက်အမျိုးအစားကတော့အမည်း ရောင်ချော့ကလက် (Dark Chocolate) ဖြစ်ကာ အရည်အသွေးပြည့်မှီ တဲ့ ကိုကိုသီး ကနေရရှိတာဖြစ်ပြီး ကိုကိုး ပမာဏ ၇၀ကနေ ၈၅ ရာခိုင် နှုန်း အထိ ပါဝင်ပါတယ်။ အမည်းရောင်ချော့ကလက်မှာ သကြားနဲ့နို့ ပါဝ င်နှုန်းနည်းပါးတယ် ဆိုပေမယ့်လုံးဝမပါတာ မဟုတ်တဲ့အတွက်သင့်တော် တဲ့ ပမာဏလောက်ပ ဲစားသုံးသင်ပါတယ်။
ချစ်သူများနေ့ကာလမှာ နှင်းဆီပွင့်ပွင့်နီနီတွေလိုပဲ ချော့ကလက်ဟာ လည်း ရောင်းအားကောင်းတဲ့ လက် ဆောင် ပစ္စည်းဖြစ်ပါတယ်။ ချော့က လက် ဟာ လိင်ပိုင်းဆိုင်ရာ အားဖြည့်နိုင်တယ်လို့ဆိုပြီး သိထားကြသလို ချော့ကလက်ရဲ့ လှပတဲ့ပုံပန်းသဏ္ဍန်နဲ့ အနံ့အရသာကြောင့် လူကြိုက် များနေကြသလို သူ့မှာ နှလုံးနဲ့ ပတ်သက်ပြီး ကောင်းကျိုးရှိနေပါတယ်။
ချော့ကလက်ဟာ နှလုံးအားကောင်းစေပါတယ် ချော့ကလက်မှာ ခန္ဓာ ကိုယ် ကျန်းမာရေး အတွက်ကောင်းကျိုး ပြုသလို တချို့သောရောဂါ များကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်များလည်းပါဝင်ပါတယ်။
၁။ ကဖင်းဓာတ်ဟာ ဗဟိုအာရုံကြောစနစ်ကို လှုံဆော်ပေးတဲ့ ဓာတ်တစ် မျိုးဖြစ်ပြီး နှလုံးကနေ အခြား အစိတ်အပိုင်းတွေဆီကို သွေးပို့ဆောင်အား ကောင်းစေပါတယ်။
၂။ သီအိုဘရိုမင်း ဓာတ်ကတော့ သွေးတိုးကျစေဖို့ အကူအညီပေးသလို နှလုံးကြွက်သား သွေးပြတ်လပ်ခြင်းကို လျှော့ချပေးရန်အတွက် နှလုံး ခုန်စေရန် လှုံ့ဆော်ပေးပါတယ်။
၃။ ဖယ်ဘနွိုက်ဓာတ်ဟာ ပိုလီဖန်နော အုပ်စုဝင်ဖြစ်ပြီး ဓာတ်တိုးဆန့် ကျင်ပစ္စည်းဖြစ်ပါတယ်။ ဦးနှောက်နဲ့ နှလုံး သွေးကြေားများ သန်မာစေပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားနိုင်ချေ အားလုံးကို လျှော့ချပေး ပါ တယ်။ နှလုံးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးပြုဓာတ်အမျိုးမျိုးအပြင ်ချော့က လက်မှာ နာကျင်ခြင်းဝေဒနာကို သက်သာ စေပြီး ကိုယ်တွင်းအပူချိန် မျှတရန်ထိန်းညှိခြင်းနဲ့အတူ စိတ်ကြည်နူးစေတဲ့ အန်နာဒါးမိတ်ဓာတ်နဲ့ စိတ်ပူပန်သောကဖြစ်ခြင်းကို သက်သာစေရန် နြူရိုထရန်စမစ်တာကို ကူညီတည်ဆောက်ပေးတာကြောင့် ချော့ကလက်စားခြင်းဟာ” feel good “ဖြစ်ရတဲ့အကြောင်းရင်း ဖြစ်တဲ့အပြင် လိင်ပိုင်ဆိုင်ရာ အားဖြည့်ပေးတဲ့ ဖင်နယ်လက်သမင်း ပီအီးအေဓာတ် ပါဝင်နေပါတယ်။
ချော့ကလက် စားသုံးရာမှာ ကောင်းကျိုးအများဆုံးပေးတဲ့ အမည်း ရောင်ချော့ကလက်မျိုးကို ရွေးချယ်သင့်ပြီး အရည်အသွေးပြည့်မှီတဲ့ ချော့ကလက်မည်း၁၀၀ဂရမ်မှာ ကိုကိုသီး ပမာဏ ၇၀ကနေ ၈၅ရာ ခိုင်နှုန်း ပါဝင်ရ ပါမယ်။ ချော့ကလက်မည်း ၁၀၀ဂရမ်ကို နေ့စဉ် စားဖြစ်မယ်ဆိုရင် အဆီဓာတ် မြင့်တက်လာစေမှာ မဟုတ် သလို ခါးဆိုဒ်လည်းပိုမကြီးလာစေဘဲ နှလုံးနဲ့သွေးကြော အားကောင်းစေ တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
Ref:sanook
+
1