Friday, June 12, 2026

လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိလာ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇွန် ၁၁...

မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံး သပ်ရေးကော်မတီဖွဲ့စည်းမည်

ပြည်သူ့အသံများကိုပိုမိုထိရောက်စွာနားထောင်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်က ပြည်သူ့အသံများဖြစ်သော တိုင်ကြားစာ၊ အသနားခံစာများကို လက်ခံဖြေရှင်းပေးလျက်ရှိရာမှ ပိုမိုထိရောက်အားကောင်းစွာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ...

ရန်ကုန်မြို့တွင်ကျင်းပသည့်  ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ဒု-သမ္မတဒေါ်နန်းနီနီအေးတက်ရောက်

ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ဇွန် ၁၁ ရက်ညပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပရာ ဒု-သမ္မ တဒေါ်နန်းနီနီအေးတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံတော်နှင့်...

မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည့်...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည်ဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ်များက ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းဆွေး နွေးကြမည်ဖြစ်ကြောင်း...
HomeNewsLocal Newsဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှအချက်(၄၃) ချက်ကို...

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှအချက်(၄၃) ချက်ကို ပြင်ဆင်ရန်သဘောတူညီခဲ့ပြီးဖြစ်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှအချက်(၄၃) ချက်ကိုပြင်ဆင်ရန် သဘောတူညီခဲ့ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁၅ ရက်နံ နက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၃)ဖွဲ့၊ နိုင်ငံရေးပါတီများနှင့်အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။

ထိုသို့ ဆွေးနွေးရာ၌ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တိုင်းရင်းသားပြည်သူတစ် ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အ ထည်ဖော်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အချက်(၄၃)ချက်ကိုပြင်ဆင်နိုင်ရန်တို့အား သဘောတူညီခဲ့ကြသည်ဟု ပြောသည်။

” အဲဒီသဘောတူညီချက်တွေကို မကြာမှီပေါ်ပေါက်လာတော့မယ့်လွှတ်တော်ကိုတင်ပြပြီး အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာပါ။ အဲဒီလိုဘဲ ၂၀၁၇ ခုနှစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(ဒုတိယအစည်းအဝေး)မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) ၃၇ ချက်၊ ၂၀၁၈ ခုနှစ်မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်အစိတ်အပိုင်း(၂) ၁၄ ချက်၊ ၂၀၂၀ ပြည့်နှစ်မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စု သဘောတူညီချက်အစိတ်အပိုင်း(၃) ၂၁ ချက်တွေကိုလည်း ကိုယ်စားလှယ်အသီးသီးကလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုထားပြီးဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုများသည် ဒီမိုကရေစီ၏ကျင့်စဉ်တစ်ခုပဲဖြစ်သည့်ပြင် အချင်းချင်းယုံကြည်မှု၊ တွေ့ ဆုံဆွေးနွေးမှုများမှတစ်ဆင့် သဘောတူညီချက်များရယူပြီး တိုးမြှင့်တည်ဆောက်သွားနိုင်မည်ဖြစ်ကာ ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရန် အစိုးရနှင့် EAO များကြားစိတ်ရင်းစေတနာမှန်ကန်စွာဖြင့် အကျေအလည်ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိလာ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇွန် ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ နေပြည်တော်လေဆိပ်သို့ရောက်ရှိလာသော လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြကြောင်း သိရသည်။ လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ ဇွန် ၁၁ ရက်မှ ဇွန် ၁၃ ရက်အထိ တရားဝင်ခရီးစဥ်လာရောက်ခြင်းဖြစ်ကြောင်း...

မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံး သပ်ရေးကော်မတီဖွဲ့စည်းမည်

ပြည်သူ့အသံများကိုပိုမိုထိရောက်စွာနားထောင်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်က ပြည်သူ့အသံများဖြစ်သော တိုင်ကြားစာ၊ အသနားခံစာများကို လက်ခံဖြေရှင်းပေးလျက်ရှိရာမှ ပိုမိုထိရောက်အားကောင်းစွာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ များနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ " ပြည်သူ့အသံများကိုကျယ်ပြန့်စွာနားထောင်နိုင်ရန်အတွက် တိုင်ကြားစာနှင့်ပတ်သက်သည့် ကော်မတီကို ဖွဲ့စည်းပေးသွားမည်"ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသည်။ ကော်မတီဖွဲ့စည်းပြီးပါက တိုင်ကြားစာများလက်ခံခြင်း၊ စိစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဖြေရှင်းခြင်း၊ တိုင်ကြားစာများအပေါ် ကော်မတီ၏ သဘော ထားမှတ်ချက်ဖြင့် အစိုးရအဖွဲ့နှင့်ညှိနှိုင်းပေးခြင်းများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်ကျင်းပသည့်  ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ဒု-သမ္မတဒေါ်နန်းနီနီအေးတက်ရောက်

ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ဇွန် ၁၁ ရက်ညပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပရာ ဒု-သမ္မ တဒေါ်နန်းနီနီအေးတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံတော်နှင့် ရုရှားနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး ရုရှားနိုင်ငံ သံရုံးယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ သိပ္ပံ ပညာဆိုင်ရာအောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့် နိုင်ငံတကာရေးရာအခန်းကဏ္ဍမှတ်တမ်း ဗီဒီယိုကိုပြသခဲ့ကြောင်း သိရသည်။ ထို့နောက် ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် တက်ရောက် လာကြသူများက ညစာသုံးဆောင်ရာ ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071