Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomeNewsLocal Newsဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြန်လည်သင့်မြတ်ရန်...

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြန်လည်သင့်မြတ်ရန် စဉ်ဆက်မပြတ်တွန်းအားပေးဖော်ဆောင်ရေးအား တရုတ်နှင့်အာဆီယံ ပူးတွဲလုပ်ဆောင်ရန်မျှော်လင့်ဟု မစ္စတာဝမ်ယိပြော

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြန်လည်သင့် မြတ်ရန် စဉ်ဆက်မပြတ်တွန်းအားပေးဖော်ဆောင်ရေးအား တရုတ်နှင့်အာဆီယံ ပူးတွဲလုပ်ဆောင်ရန်မျှော်လင့်ဟု မစ္စတာဝမ်ယိပြော

တရုတ်နိုင်ငံ၊နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြား ရေးဝန်ကြီးမစ္စတာဝမ်ယိနှင့်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ၊ကမ္ဘောဒီးယားနိုင်ငံ ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရပ်ဆုတ်ခွန်းတို့သည် ဇူလိုင် ၃ ရက်က မြန်မာနိုင်ငံ၊ပုဂံမြို့တွင်တွေ့ဆုံရာ၌ တ ရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိကပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၇ ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကာလအတွင်း၌ သီး ခြားတွေ့ဆုံရာတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ် သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိမှဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြန်လည်သင့် မြတ်ရေးအား စဉ်ဆက်မပြတ်တွန်းအားပေးဖော်ဆောင်ရန် တရုတ်နှင့်အာဆီယံ ပူးတွဲလုပ်ဆောင်ရန်မျှော်လင့်သည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံရှိအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ၏အခင်းအကျင်းနှင့်ပြည်သူလူထုအကျိုးစီးပွားအားအလေးထားပြီး ဆင်ခြင်တုံတရားနှင့်လက်တွေ့ကျမှု၊အပြန်အလှန်နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံကျိုးကြောင်းဆီလျော်သည့် တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာဖော်ဆောင်ကြရန်အားပေးသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်း ပြည်အာဏာအား ပြည်သူများထံပြန်လည်အပ် နှင်းရေးမျှော်မှန်းချက် အကောင်အထည်ဖော်ရန် တရုတ်နှင့်အာဆီယံ အတူတွန်းအားပေးကာ မြန် မာနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် မြန်မာ့ဝိသေ သလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက် မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည်ဟု ပြောသည်။

ထို့ပြင် အာဆီယံမှ“အာဆီယံနည်းလမ်း”အား လက်ကိုင်စွဲ၍ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမရှိရေး၊ပေါင်းစပ်ညှိနှိုင်းရေးဟူသည့် အခြေခံမူနှင့်အစဉ်အလာများကိုခိုင်မြဲစေကာ တည်တည် ငြိမ်ငြိမ်နှင့်နှောင့်ယှက်မှုများအားဖယ်ရှား၍ စိတ် ရှည်လက်ရှည်ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ “တူညီဆန္ဒငါးရပ်”(five-point consensue)ကို အပြုသ ဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ပြီးပြည့်စုံသည့် စည်းလုံးညီ ညွတ်မှုနှင့်ဦး ဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန်မျှော်လင့် သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကဆွေးနွေးပြောကြားခဲ့သည်။

Photo -Ministry of Foreign Affairs and International Cooperation – Cambodia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု အစိုးရစာတစ်‌ေစာင်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ နည်းပညာဝန်ကြီးဌာန တယ်လီကွန်းဌာန ဒုတိယအကြီးအကဲက မေလ ၂၁ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထားသော အဆိုပါ စာရွက်စာတမ်းတွင် တယ်လီဂရမ်ကို ပိတ်ပင်အရေးယူရန်နှင့် ဇွန်လ ၂ ရက်‌ေန့ကို နောက်ဆုံးထား၍ ဝန်ကြီးဌာနသို့ သတင်းပို့ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားသည်။ ဗီယက်နမ်နိုင်ငံတွင် တယ်လီဂရမ်၏ လုပ်ဆောင်ချက်များကို ဟန့်တားရန်အတွက်...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ကြီးနှင့် တပည့်သာဝကများက သွားရောက်လှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင် မန္တလေးမြို့သို့ ကြွရောက်တော်မူခြင်း ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တစ်တိုင်းလုံးရှိ ဆေးရုံများသို့ အောက်စီဂျင်စက် အလုံး (၁၀၀) လှူဒါန်းခြင်း၊ မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း (၁,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် Win Unity Hotel ရှေ့တွင်ငလျင်ဘေးသင့် မန္တလေးပြည်သူများသို့ (၂) ပြည်အိတ်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄% မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျ-က်စီးနေ

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ "ဂါဇာကမ်းမြှောင်ရှိ ဆေးရုံ ၃၆ ခုအနက် ၁၉ ခုသာ ဆက်လက်လည်ပတ်နေပြီး၊ ကျန်ရှိနေသေးသည့် လူနာများအတွက် အခြေခံစောင့်ရှောက်မှုပေးနေသည့် ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မှုများ၊ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု၊ လုံခြုံရေး မတည်ငြိမ်မှုများ နှင့် ‌ေ-သဆုံးဒဏ်ရာရသူများ တိုးပွားလာမှုတို့ကြောင့် ဝန်ထမ်းများသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071