Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsဖေဖော်ဝါရီ၂၅ရက်တွင် မြန်မာဘက်က(ICJ)တွင် ဒုတိယအကြိမ်ထပ်ပြီး...

ဖေဖော်ဝါရီ၂၅ရက်တွင် မြန်မာဘက်က(ICJ)တွင် ဒုတိယအကြိမ်ထပ်ပြီး သုံးသပ်ငြင်းဆိုရန်ရှိ

(Unicode)

ဖေဖော်ဝါရီ၂၅ရက်တွင် မြန်မာဘက်က(ICJ)တွင် ဒုတိယအကြိမ်ထပ်ပြီး သုံးသပ်ငြင်းဆိုရန်ရှိ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဖေဖော်ဝါရီ၂၁ရက်က တက်ရောက်ခဲ့ပြီး စွပ်စွဲချက်ဖြင့် တရားစွဲထားခြင်းအား စီရင်ခွင့်မရှိကြောင်း လျှောက်လဲခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၁၅ရက်တွင်လည်း ဒုတိယအကြိမ်ထပ်ပြီး သုံးသပ်ငြင်းဆိုရန်ရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်မည့် ကြားနာပွဲတွင် မြန်မာက (ICJ)တရားရုံးတွင် စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာကို တင်သွင်းပြီးဖြစ်သည်။

ICJ တရားရုံးတွင် နစကဘက်ကရင်ဆိုင်သည့် နည်းလမ်းက ကျုးလွန်မှု/မကျုူးလွန်ခဲ့မှုများအား ငြင်းခုန်ခြင်းမပြုဘဲ စွပ်စွဲသူသည် စွပ်စွဲခွင့်ရှိ၊မရှိ မေးခွန်းထုတ်ထားသည်ကိုတွေ့ရသည့်အကြောင်း VOAသတင်းဌာနက ကိုသန်းလွင်ထွန်း၏ ရေးသားချက်အားဖော်ပြထားပြီး မြန်မာဘက်ကထောက်ပြသည့် Technical လုပ်ထုံးဘောင်ကျော်အချက်များက ICJ အတွက် အတော်စဉ်းစားရကြပ်မည့် အချက်များဖြစ်သည်ဟုပါ ဖေဖော်ဝါရီ၂၂ရက်ညက ဖော်ပြခဲ့သည်ကိုတွေ့ရသည်။

ICJ မြန်မာကိစ္စလေ့လာနေသူတစ်ဦးက “အမှုက လက်ခံတဲ့အဆင့်ကို မရောက်သေးပါဘူး။ တနည်းပြောရင် မျိုးစေ့ချဖို့ ကြိုးစားတဲ့အဆင့်ပဲရှိသေးတယ်။ ဒီအချိန်မှာ မျိုးစေ့ကို မြေထဲက ကော်ထုတ်လိုက်ရင် အပင်ဆိုတာ ပေါက်လာစရာမရှိတော့ဘူး။ ကိုဗစ်လိုပြောရင် အာခေါင်ထဲ ခိုဖို့လုပ်နေတဲ့ပိုးကို ဆားရည်နဲ့အာလုပ်ကျင်းလိုက်ရင် လည်ချောင်း၊အဆုပ်ထဲမရောက်တော့ဘူးပေါ့။ ဒါနဲ့တင် ပြတ်သွားရင် အောက်ဆီဂျင်တို့ ပလူဆီဗာတို့ မလိုတော့ဘူးပေါ့။ဒုတိယ အချက်ကတော့ VOA က ကိုသန်းလွင်ထွန်းပြောထားသလိုပါပဲ။ ကန့်ကွက်ထားတဲ့အချက်တွေက ဥပဒေကြောင်းအရတော့ ကိုယ့်ဘက်ကအမြင်အရ ကြေနပ်စရာရှိပါတယ်။ တရားရုံးကတော့ သူတို့အမြင်နဲ့ ဆုံးဖြတ်မှာပေါ့” ဟု ပေါ်ပြူလာနယူးစ်သို့ သုံးသပ်ပြောကြားထားသည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင်ပြုလုပ်သည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ ပူးတွဲကိုယ်စားလှယ် (Alternate Agent) ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်နေပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဤအမှုကို ဥပဒေကြောင်းအရ ICJ က လက်ခံကြားနာစစ်ဆေးရန် မသင့်ကြောင်း ရှင်းလင်းပြောကြားကာ၊ မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများက မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်ချက်များနှင့်ပတ်သက်၍ တရားရုံးသို့ တင်ပြလျှောက်လဲသွားမှုများပြုလုပ်မည်ဖြစ်သည်။

(Zawgyi)

ေဖေဖာ္ဝါရီ၂၅ရက္တြင္ ျမန္မာဘက္က(ICJ)တြင္ ဒုတိယအႀကိမ္ထပ္ၿပီး သုံးသပ္ျငင္းဆိုရန္ရွိ

အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)တြင္ ျမန္မာႏိုင္ငံက တင္သြင္းခဲ့ေသာ ကနဦးကန႔္ကြက္လႊာဆိုင္ရာ ၾကားနာပြဲသို႔ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ေဖေဖာ္ဝါရီ၂၁ရက္က တက္ေရာက္ခဲ့ၿပီး စြပ္စြဲခ်က္ျဖင့္ တရားစြဲထားျခင္းအား စီရင္ခြင့္မရွိေၾကာင္း ေလွ်ာက္လဲခဲ့ၿပီး လာမည့္ ေဖေဖာ္ဝါရီ ၁၅ရက္တြင္လည္း ဒုတိယအႀကိမ္ထပ္ၿပီး သုံးသပ္ျငင္းဆိုရန္ရွိေနေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၌ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ (Convention on the Prevention and Punishment of the Crime of Genocide)ကို က်ဴးလြန္ေဖာက္ဖ်က္သည္ဟု စြပ္စြဲခ်က္ျဖင့္ တရားစြဲဆိုထားသည္။

နယ္သာလန္ႏိုင္ငံ၊ သည္ဟိဂ္ၿမိဳ႕တြင္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ ျပဳလုပ္မည့္ ၾကားနာပြဲတြင္ ျမန္မာက (ICJ)တရား႐ုံးတြင္ စီရင္ခြင့္မရွိေၾကာင္း၊ ဂမ္ဘီယာႏိုင္ငံအေနျဖင့္လည္း တရားစြဲဆိုခြင့္မရွိေၾကာင္း ကနဦးကန႔္ကြက္လႊာကို တင္သြင္းၿပီးျဖစ္သည္။

ICJ တရား႐ုံးတြင္ နစကဘက္ကရင္ဆိုင္သည့္ နည္းလမ္းက က်ဳးလြန္မႈ/မက်ဳူးလြန္ခဲ့မႈမ်ားအား ျငင္းခုန္ျခင္းမျပဳဘဲ စြပ္စြဲသူသည္ စြပ္စြဲခြင့္ရွိ၊မရွိ ေမးခြန္းထုတ္ထားသည္ကိုေတြ႕ရသည့္အေၾကာင္း VOAသတင္းဌာနက ကိုသန္းလြင္ထြန္း၏ ေရးသားခ်က္အားေဖာ္ျပထားၿပီး ျမန္မာဘက္ကေထာက္ျပသည့္ Technical လုပ္ထုံးေဘာင္ေက်ာ္အခ်က္မ်ားက ICJ အတြက္ အေတာ္စဥ္းစားရၾကပ္မည့္ အခ်က္မ်ားျဖစ္သည္ဟုပါ ေဖေဖာ္ဝါရီ၂၂ရက္ညက ေဖာ္ျပခဲ့သည္ကိုေတြ႕ရသည္။

ICJ ျမန္မာကိစၥေလ့လာေနသူတစ္ဦးက “အမႈက လက္ခံတဲ့အဆင့္ကို မေရာက္ေသးပါဘူး။ တနည္းေျပာရင္ မ်ိဳးေစ့ခ်ဖို႔ ႀကိဳးစားတဲ့အဆင့္ပဲရွိေသးတယ္။ ဒီအခ်ိန္မွာ မ်ိဳးေစ့ကို ေျမထဲက ေကာ္ထုတ္လိုက္ရင္ အပင္ဆိုတာ ေပါက္လာစရာမရွိေတာ့ဘူး။ ကိုဗစ္လိုေျပာရင္ အာေခါင္ထဲ ခိုဖို႔လုပ္ေနတဲ့ပိုးကို ဆားရည္နဲ႔အာလုပ္က်င္းလိုက္ရင္ လည္ေခ်ာင္း၊အဆုပ္ထဲမေရာက္ေတာ့ဘူးေပါ့။ ဒါနဲ႔တင္ ျပတ္သြားရင္ ေအာက္ဆီဂ်င္တို႔ ပလူဆီဗာတို႔ မလိုေတာ့ဘူးေပါ့။ဒုတိယ အခ်က္ကေတာ့ VOA က ကိုသန္းလြင္ထြန္းေျပာထားသလိုပါပဲ။ ကန႔္ကြက္ထားတဲ့အခ်က္ေတြက ဥပေဒေၾကာင္းအရေတာ့ ကိုယ့္ဘက္ကအျမင္အရ ေၾကနပ္စရာရွိပါတယ္။ တရား႐ုံးကေတာ့ သူတို႔အျမင္နဲ႔ ဆုံးျဖတ္မွာေပါ့” ဟု ေပၚျပဴလာနယူးစ္သို႔ သုံးသပ္ေျပာၾကားထားသည္။

နယ္သာလန္ႏိုင္ငံ၊ သည္ဟိဂ္ၿမိဳ႕တြင္ျပဳလုပ္သည့္ ကနဦးကန႔္ကြက္လႊာဆိုင္ရာ ၾကားနာပြဲသို႔ ျမန္မာႏိုင္ငံ ကိုယ္စားလွယ္ (Agent) ျဖစ္သူ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ ဦးေဆာင္၍ ပူးတြဲကိုယ္စားလွယ္ (Alternate Agent) ဥပေဒေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦး ပါဝင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕တက္ေရာက္ေနၿပီး ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္က ဤအမႈကို ဥပေဒေၾကာင္းအရ ICJ က လက္ခံၾကားနာစစ္ေဆးရန္ မသင့္ေၾကာင္း ရွင္းလင္းေျပာၾကားကာ၊ ျမန္မာႏိုင္ငံကိုယ္စားျပဳ ႏိုင္ငံတကာေရွ႕ေနမ်ားက ျမန္မာႏိုင္ငံက တင္သြင္းခဲ့သည့္ ကနဦး ကန႔္ကြက္ခ်က္မ်ားႏွင့္ပတ္သက္၍ တရား႐ုံးသို႔ တင္ျပေလွ်ာက္လဲသြားမႈမ်ားျပဳလုပ္မည္ျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071