ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူထွက်ပြေးသွားတဲ့လင်မယားနှစ်ယောက်ကို ထန်းတပင်မြို့နယ်မှာဖမ်းဆီးရမိ
လွန်ခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်နေ့က ဖူးပွင့်သခင်အိမ်ကနေ ပရိဘောဂ လက်ဝတ်လက်စား အဝတ်အထည်များကို ခိုးယူထွက်ပြေးသွားတဲ့ အလုပ်သမားလင်မယားကို ဒီဇင်ဘာလ ၂၂ ရက်နေ့ထန်းတပင်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သရုပ်ဆောင်ဖူးပွင့်သခင်က ပြောပါတယ်။
” အားလုံးရဲ့ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးမှုကြောင့်ပစ္စည်းများခိုးယူသယ်ဆောင်သွားသော
သူခိုးလင်မယားနှစ်ယောက်အား 22.12.2021 ရက်နေ့ ထန်းတပင်မြို့တွင် ဖမ်းစီးရမိခဲ့ပါတယ်။ အစအဆုံးလိုက်ပါဆောင်ရွက်ကူညီစောင့်ရှောက်ပေးကြသူများအားလုံးနှင့်သူခိုးလင်မယားအားတွေ့ရှိကြောင်းလာရောက်သတင်းပေးကြသူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ Facebook ကနေသတင်းမေးကြသော မိတ်ဆွေသူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ စိတ်ဆင်းရဲပီး စိုးရိမ်ပူပင် သောက ရောက်နေတဲ့အချိန်တစ်ယောက်ချင်းစီစာမပြန်နိုင်မိတဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်ရှင်။ ကျေးဇူးတင်ထိုက်သူများအားလုံးကို
အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ပစ္စည်းများကတော့ အကုန်လုံးပြန်လည်မရရှိသေးပါဘူး စုံစမ်းစစ်ဆေးမေးမြန်းနေဆဲပါ။” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ပစ္စည်း များခိုးယူသွားတဲ့လင်မယား နှစ်ယောက် ကိုဖမ်းမိပေမယ့် ပစ္စည်းများအကုန်လုံးပြန်လည်မရရှိသေးတဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။