ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ဖူးကြီးရေလှောင်တမံမှ ရေများ ယနေ့ အောက်တိုဘာ (၈) ရက် နေ့လယ်ပိုင်းက စတင်ကာ ပုံမှန်ရေပြည့်မှတ်ထက်ကျော်လွန်ပြီး လျှံကျလျက်ရှိကြောင်း သိရသည်။
ယနေ့ နေ့လယ် (၃) နာရီခန့်က မှော်ဘီမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖူးကြီးရေလှောင်တမံမှ ရေများသည် ပုံမှန်ရေပြည့်မှတ်ထက် ကျော်လွန်ကာ ရေပိုလွှဲများမှ ရေများလျှံကျခဲ့သဖြင့် ရွှေကျွန်းတောကျေးရွာ၊အုတ်ဖိုစုကျေးရွာနှင့် နှင်းဆီမြိုင်ရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲဖြစ်ပေါ် နေသည့် အိမ်ထောင်စုများအား မှော်ဘီမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူ ညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းသည့် နှင်းဆီမြိုင်ရပ်ကွက်ရှိ မိဂဒါဝုန် ဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

