ဇန်နဝါရီ ၃၁ ရက်က ဖီလာဒဲလ်ဖီးယားတွင် လူနာတင်လေယာဉ်တစ်စင်းပျ-က်ကျခဲ့သဖြင့် လေယာဉ်ပေါ်ပါ မက္ကဆီကိုလူမျိုး ခြောက်ဦးနှင့် မြေပြင်ရှိ လူတစ်ဦးတို့ ေ-သဆုံးခဲ့သည်ဟု မက္ကဆီကို သမ္မတနှင့် ဖီလာဒဲလ်ဖီးယား မြို့တော်ဝန်တို့က ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။
ကလေးလူနာနှင့် လူနာ၏ မိခင် အပါအဝင် လေယာဉ်အမှုထမ်းလေးဦးပါဝင်သော လေယာဉ်သည် ဖီလာဒဲလ်ဖီးယားလေဆိပ်မှ ပျံတက်အပြီး မကြာမီ ပျ-က်ကျခဲ့ခြင်းဖြစ်သည်ဟု Jet Rescue Air Ambulance အော်ပရေတာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Shai Gold က ဆိုသည်။
ဖြစ်စဉ်အတွင်း မြေပြင်တွင် ေ-သဆုံးခဲ့သူသည် လေယာဉ်ပျ-က်ကျခဲ့သည့်နေရာရှိ ကားတစ်စီးပေါ်ရှိနေခဲ့သူဖြစ်ကြောင်း ဖီလာဒဲလ်ဖီးယားမြို့တော်ဝန် Cherelle Parker က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိအထိ မိမိတို့သိထားသမျှတွင် ဒဏ်ရာရသူ ၁၉ ဦးရှိကြောင်းလည်း မစ္စ Parker က ပြောဆိုသည်။
ကလေးလူနာသည် Shriners ဖီလာဒဲလ်ဖီးယားကလေးဆေးရုံတွင် ကုသမှုခံယူခဲ့ပြီးနောက် လူနာတင်လေယာဉ်ဖြင့် အမိနိုင်ငံ မက္ကဆီကိုသို့ ပြန်ပို့ဆောင်ပေးစဉ်တွင် ပျ-က်ကျမှုဖြစ်ခဲ့ရခြင်းဟု ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
လေယာဉ်ပျ-က်ကျရာတွင်ေ-သဆုံးခဲ့ရသော မက္ကဆီကိုနိုင်ငံသား ခြောက်ဦး၏ မိသားစုများကို ထောက်ပံ့ကူညီရန် ကောင်စစ်ရေးရာအရာရှိများကို သူ တိုက်တွန်းထားသည်ဟု မက္ကဆီကိုသမ္မတ Claudia Sheinbaum က X ပေါ်တင်ခဲ့သော ပို့စ်တွင် ပြောဆိုခဲ့သည်။