အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယားရှိ ဈေးဝယ်စင်တာတစ်ခုအနီးကို လူနှစ်ဦး လိုက်ပါလာသော လေယာဉ်ငယ်တစ်စင်း ပျ-က်ကျခဲ့သောကြောင့် မြေပြင်တွင် ထိခိုက်ေ-သဆုံးမှုများပြားခဲ့သည်ဟု ဒေသခံမီဒီယာများက သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ဖီလာဒဲလ်ဖီးယား အရှေ့မြောက်ပိုင်းရှိ Roosevelt Mall အနီးတွင် ညနေ ၆ နာရီကျော်လောက်က လေယာဉ်ပျ-က်-ကျခဲ့သည်ဟု ရဲတပ်ဖွဲ့ကို ကိုးကား၍ Philadelphia Inquirer သတင်းစာက ဖော်ပြခဲ့သည်။
အခင်းဖြစ်စဉ်တွင် နေအိမ်တစ်လုံးနှင့် မော်တော်ယာဉ်အများအပြား မီးလောင်ခဲ့သည်ဟုလည်း သတင်းစာက ဖော်ပြသည်။
သတင်းဖော်ပြခဲ့သော ဧရိယာတွင် မတော်တဆမှုကြီးဖြစ်ခဲ့သည်ဟု ဖီလာဒဲလ်ဖီးယားအရေးပေါ်စီမံခန့်ခွဲရေးရုံးက ဆိုရှယ်မီဒီယာပေါ်တွင် အတည်ပြုပြောဆိုသော်လည်း အခြားအသေးစိတ်အချက်အလက်များကို မပြောခဲ့ပေ။
အခင်းဖြစ်ပွားရာနေရာတွင် မီးအကြီးအကျယ်လောင်ကျွမ်းနေမှုနှင့် မီးသတ်ကားများရောက်ရှိနေမှုကို Philadelphia CBS သတင်းက ဖော်ပြခဲ့ပြီး ထိခိုက်ေ-သဆုံးခဲ့သူများ၏ အခြေအနေကို လတ်တလောမသိရသေးဟု ဆိုခဲ့သည်။
အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖီလာဒဲလ်ဖီးယား ရဲဌာနကသော်လည်းကောင်း မီးသတ်ဌာနကသော်လည်းကောင်း တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။
Ref: သည်ကိုရီးယားတိုင်းမ်စ်