Friday, May 15, 2026

ဖလမ်းမြို့တွင်းလမ်းများကို စုပေါင်းသန့်ရှင်း  မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရန်လည်းဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၅ ရက်တွင် မြို့တွင်းလမ်းများကို...

ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို မေ...

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေ ၂၅ ရက်မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ မေ...

၂၀၂၆ အိုလံပစ်နေ့ အထိမ်းအမှတ် နိုင်ငံတကာ...

​မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်မည့် အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတကာအဆင့် မြင်းစီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ပြိုင်ပွဲကို လာမည့်  ဇွန်လ...

မအူပင်-တွံတေးလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်...

မအူပင်-တွံတေး-ရန်ကုန်လမ်းအား ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၄)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း ဧပြီလ ၂၄ရက်နေ့တွင် အမျိုးသားလွှတ်တော်တွင် မေးမြန်းခဲ့သော...
HomeInternationalဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးကို စွပ်စွဲပြစ်တင်

ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးကို စွပ်စွဲပြစ်တင်

သမ္မတကို လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်မှု နှင့် ပြည်သူ့ရန်ပုံငွေကို သန်းနှင့်ချီ၍ အလွဲသုံးစားလုပ်ခဲ့မှု တို့ဖြင့် ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးကို အောက်လွှတ်တော်က စွပ်စွဲပြစ်တင်လိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကွန်ဂရက်လွှတ်တော် လေးလကြာ ရပ်နားမည့်အချိန်မတိုင်မီ မိနစ်ပိုင်းအလိုတွင် ယခုကဲ့သို့ မဲခွဲဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၅ ရက်တွင် မစ္စဒူတာတေးအပေါ် စွပ်စွဲပြစ်တင်လိုက်ခြင်းသည် အောက်လွှတ်တော် အမတ်ဦးရေ ၃၀၀ ကျော်တွင် မဟာမိတ်အမတ်အများစုကို ပိုင်ဆိုင်ထားသည့် သူ၏ မဟာမိတ်ဟောင်း သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် အကွဲအပြဲပိုမိုပြင်းထန်လာမှုကို ပြနေသည်။ အောက်လွှတ်တော်ဥက္ကဌသည် သမ္မတ၏ ဝမ်းကို ညီအစ်ကိုဖြစ်သည်။

မားကို့စ်၏ သမ္မတရာထူးအပေါ် ဆန္ဒခံယူပွဲတစ်ခုဟု ရှုမြင်ကြသော မေလရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်မည့် မဲဆွယ်စည်းရုံးရေးကာလမတိုင်မီ ရက်သတ္တပတ်နီးပါးအလိုတွင် စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ မဲခွဲဆုံးဖြတ်မှုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

သို့သော်လည်း မစ္စဒူတာတေးသည် လက်ရှိတွင် ဒုတိယသမ္မတအဖြစ်ဆက်လက်ရပ်တည်နေပြီး စွပ်စွဲပြစ်တင်သည့် ပုဒ်မများကို အထက်လွှတ်တော်သို့ ပေးပို့ရဦးမည်ဖြစ်ကာ အထက်လွှတ်တော်သည် တရားစွဲဆိုမှုလုပ်ငန်းစဉ်အတွက် တရားရုံးအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

အထက်လွှတ်တော်အမတ် ၂၃ ဦးအနက် ၁၆ ဦးက သူ့ကို စွပ်စွဲပြစ်တင်သော ပြစ်ချက်များဖြင့် စွဲချက်တင်ရန် သဘောတူပါက မစ္စဒူတာတေးသည် ဒုတိယသမ္မတအဖြစ်မှ ဖယ်ရှားခံရမည်ဖြစ်သည်။

အတိမ်းအစောင်း မခံသော၊ သီးခြားသတ်မှတ်ထားသော ရည်ရွယ်ချက်များအတွက် သုံးစွဲရန် ဖြစ်သောရံပုံငွေများမှ ပီဆို ၆၁၂ ဒဿမ ၅ သန်းကို အလွဲသုံးစားလုပ်မှုဖြင့် မစ္စဒူတာတေးကို စွပ်စွဲပြစ်တင်ရန် စုစုပေါင်း အမတ်ဦးရေ ၂၁၅ ရှိ အောက်လွှတ်တော်က ဖေဖော်ဝါရီ ၅ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့တွင်းလမ်းများကို စုပေါင်းသန့်ရှင်း  မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရန်လည်းဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၅ ရက်တွင် မြို့တွင်းလမ်းများကို လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့လမ်းဆုံထီးရိပ်မှ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဗလိုင်ရပ်ကွက်အတွင်း လမ်းဘေးဝဲယာရှိ ပေါင်းပင်များ၊ အမှိုက်နှင့် ချုံနွယ်များရှင်းလင်းခြင်း၊ ဒေသခံများ၏ နေအိမ်မျက်နှာစာသပ်ရပ်သန့်ရှင်းရေးအတွက်ရှင်းလင်းခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရေးအတွက်လည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်တွင်စတင်မည်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေ ၂၅ ရက်မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၄ ရက်ကလည်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၏ အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲအောင် စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ထုတ်ပြန်ခဲ့ရာ ခန္တီးမြို့နယ်မှဝင်ရောက်ဖြေဆိုခဲ့သည့် KG မှ Grade-11 ထိ ကျောင်းသား/သူ (၁၀,၉၈၃) ဦး အနက် ကျောင်းသား/သူ (၁၀,၉၇၃) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၂၆ အိုလံပစ်နေ့ အထိမ်းအမှတ် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည်

​မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်မည့် အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတကာအဆင့် မြင်းစီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ပြိုင်ပွဲကို လာမည့်  ဇွန်လ (၂၇) ရက်၌ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြန်မာနိုင်ငံမြင်းစီးအားကစားကွင်း (အားကစားဇုံ) အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအမျိုးအစားများအရ Show Jumping (တန်းခုန်ပြိုင်ပွဲ) အမျိုးအစား (၃) မျိုး ပါဝင်မည်ဖြစ်ကာ အသက် (၁၈) နှစ်အောက်လူငယ်များအတွက်(၂၀) မှ (၄၀) စင်တီမီတာ တန်းခုန်ပြိုင်ပွဲ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071