Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeMoviesဟမ်ဘာဂါထဲပါသည့်အသားကိုကင်ရာ၌စတီးဘရပ်ရှ်သုံးသဖြင့်စားမိသည့်ကလေးငယ်လည်ပင်းတွင် နန်းကြိုးမျှင်ဝင်ခြင်း​ကြောင့်ခွဲစိတ်မှုပြုလုပ်ရ 

ဟမ်ဘာဂါထဲပါသည့်အသားကိုကင်ရာ၌စတီးဘရပ်ရှ်သုံးသဖြင့်စားမိသည့်ကလေးငယ်လည်ပင်းတွင် နန်းကြိုးမျှင်ဝင်ခြင်း​ကြောင့်ခွဲစိတ်မှုပြုလုပ်ရ 

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက ဖလော်ရီဒါပြည်နယ်၌ အသက်လေးနှစ်အရွယ်ကလေးငယ်တစ်ဦးသည် ၎င်း၏နားအတွင်းမှ မခံမရပ်နိုင်အောင်ထိုးကိုက်ခြင်းအားခံစားခဲ့ရပြီး မည်သည့်အတွက်ယင်းသို့ဖြစ်သည်ကိုမည်သူမျှသတိမထားမိခဲ့ပေ။

အသားကင်ဆိုင်အတွင်း ဟမ်ဘာဂါစားနေစဉ် ၎င်း၏နားကိုကိုင်ကာ ကလေးငယ်ကစူးစူးဝါးဝါးငိုသဖြင့် မိဘများကစိတ်ပူကာဆေးရုံသို့ပိုဆောင်ပေးခဲ့သည်။သို့သော်နားအတွင်း၌ မည်သည့်ပြသနာမှမရှိကြောင်း ဆရာဝန်ကပြောကြားလျက် ပိုးသတ်ဆေးနှင့်နားသန့်ဆေးပေးလိုက်ကြောင်းသိရသည်။

သို့သော်ကလေးငယ်သည်ရက်အနည်းငယ်ကြာသည်အထိမသက်သာဘဲ ကိုယ်ပါပူလာပြီးအစားအသောက်လည်းမစားတော့ကြောင်းသိရသည်။မိဘများက ကလေးငယ်အားဆေးခန်းသို့ အရေးပေါ်ပို့ပေးရပြန်သည်။

ဆရာဝန်၏စစ်ဆေးချက်၌ ကလေးငယ်၏ညာဘက်လည်ချောင်း၌ ယောင်နေသည်ကိုသတိထားမိသဖြင့် စီအေတီစကင်မ်ရိုက်ကြည့်ခဲ့ရာ ၂ စင်တီမီတာအရွယ်အစားရှိ နန်းကြိုးမျှင်တစ်ခုအား ကလေးငယ်၏နားနှင့်လည်ချောင်း၌တွေ့ခဲ့ရသည်။

အဆိုပါအမျှင်လေးသည် အသားကင်သန့်ရှင်းရာ၌သုံးသည့် ဘရက်ရှ်မှနန်းကြိုးမျှင်လေးဖြေစ်ကြောင်းသိရသည်။အဆိုပါအရေးကြောင့်ကလေးငယ်အနေဖြင့် ချက်ချင်းခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ယခုအခါသက်သာသွားပြီဖြစ်ကြောင်းသိရသည်။

ဆရာဝန်ကအကင်စားသုံးသူများအနေဖြင့်ရော ရောင်းချသူများပါ စတီးဘရက်ရှ်ကိုမသုံးသင့်ကြောင်းအကြုံပြုပြောကြားခဲ့ပြီး ယခုကဲ့သို့အဖြစ်မျိုးက ဗိုက်နှင့်အစာအိမ်ကိုပါဒုက္ခပေးနိုင်ကြောင်းပြောကြားခဲ့သည်။လေ့လာမှုတစ်ခုအရ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အလားတူဖြစ်ရပ်များကြောင့် လူပေါင်း ၁,၇၀၀ နီးပါး အရေးပေါ်ခွဲစိတ်မှုပြုလုပ်ခဲ့ရကြောင်းသိရသည်။

Source : The Straitstimes

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိ

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်စင်သည် ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက်ထောင့်တွင်တည်ရှိပြီး ပြီးခဲ့သည့် (၇) ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည်ပြုပြင်နေပြီး ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းပေါ်တွင်  "သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုပ် (၁) ရက် (၄.၂.၃၉) စနေနေ့ ၊ မုံရွာမြို့မြို့မင်းကြီး ဦးဘိုးအို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကာ သြဝါဒါစရိယဆရာတော်ကြီး(၇)ပါး၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစ ကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင် (၂၅)ပါး၊ (၁)ကျမ်းအောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊  ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၁၁)ပါးကြွရောက်တော်မူခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြုအလှူတော်ငွေများကို...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (၃)ကို မကြာမှီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များစစ်ဆေးပြီးသည့်အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ဖေဖော်ဝါရီ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံတွင် စက်များစမ်းသပ်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071