အသက် (၇၆) နှစ် ရှိပြီ ဖြစ်သည့် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင်ဖြစ်သည့် သားဖွားဆရာမကြီး ဒေါ်သိန်းရည်သည် ဩဂုတ်လ (၂၆)ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
သူမသည် မြန်မာနိုင်ငံ၏ (၃)ဦးမြောက် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင်လည်း ဖြစ်သည်။
ဆရာမကြီး ဒေါ်သိန်းရည်သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့န ယ်၊ သောင်သွပ်ကျေးရွာ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
သူမသည် ၁၉၉၅ ခုနှစ်က သောင်သွပ်ရွာ၌ မီးလောင်မှုဖြစ်စဉ်တွင် မီးလောင်နေသည့် နေအိမ်တစ်လုံးထဲမှ အသက် (၈) နှစ်အရွယ်ကလေးငယ်ကို သက်စွန့်ကြိုးပမ်း ကယ်ထုတ်ခဲ့ခြင်းကြောင့် ဖလောရင့်နိုက်တင်ဂေးဆု ချီးမြှင်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
ဖလောရင့် နိုက်တင်ဂေးဆုကို ကမ္ဘာ့ကရုဏာရှင် သူနာပြုဆရာမ ဖလောရင့် နိုက်တင်ဂေးကို ဂုဏ်ပြုကာ အပြည်ပြ ည်ဆိုင်ရာကြက်ခြေနီ ညီလာခံက ချီးမြှင့်ခြင်းလည်း ဖြစ်သည်။
