Tuesday, June 24, 2025

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည်...

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင်...

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ...

ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံ...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ယခုနှစ် ရေကြီးရေလျံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်း ကမ်းဘေးမြေသားတာဘောင် ရေထိန်းနံရံ တည်ဆောက်မှုကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရာ၌ ချောင်းအတွင်း...
HomeCelebrities' Newsဖန်ပြွန်သန္ဓေနည်းနဲ့ ကလေးယူဖို့၃ဝ ရာခိုင်နှုန်း...

ဖန်ပြွန်သန္ဓေနည်းနဲ့ ကလေးယူဖို့၃ဝ ရာခိုင်နှုန်း အဆင်ပြေနေပြီဆိုတဲ့မိတ်ကပ်ညီညီမောင် (စမ်းချောင်း)

“အချစ်ရေးကို စိတ်ဝင်စားကြတယ်ဆိုတာကလည်း မိန်းမလျာတစ် ယောက်ရဲ့ အချစ်ရေးမို့လို့ ထင်ပါတယ်။ သာမန်ယောက်ျားလေး မဟုတ်သလို မိန်းမလည်း မဟုတ် ဘူးလေ။ သုကကျတော့ အချစ်ရေးနဲ့ပတ်သက်လိှု့Sensitive ရှိတယ်။ အေးအေးချမ်းချမ်း မိသားစုဘဝလေး ကို လိုချင်တာလေ။ အခုရထားတဲ့အချစ်ကတော့ တအား အေးချမ်းတယ်။ ဒါကြောင့်မို့ သာယာပြီး လှနေတာ (ရယ်လျက်)”လို့ မိတ်ကပ်ညီညီမောင် (စမ်းချောင်း)က သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ ပြောပြပါတယ်။
သူက ဖနပြွန်သန္ဓေနည်းအနေနဲ့ ကလေးယူဖို့ စီစဉ်နေတာ ၃ဝ ရာခိုင်နှုန်းလောက် အဆင်ပြေနေပြီ လို့ သိရပါတယ်။ ကလေးကိုတော့ ရရင်ယူသွား မှာဖြစ်ပြီး ၇ဝ ရာခိုင်နှုန်းဆို ရင်တော့ ရဖို့သေချာသလောက်ရှိ မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“သုက မိသားစု ဘဝလေးကိုလို ချင်တယ်။ အမှန် အတိုင်းပြောရရင် ကိုယ်တွေက မိန်းမလျာဖြစ်နေလို့လေ။ မိန်းမလည်း ယူလို့မရ ယောက်ျားလည်းယူလို့မရ ဘဝကြီးတွေလေ။ တကယ်တမ်းပြောရရင် ကိုယ်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေဆိုရင် ဒီအချိန်မှာ ကလေး ၃၊ ၄ ယောက်နဲ့ သွားနေလာနေတာပေါ့လေ။ ကိုယ်လည်း အမှန်အတိုင်းပြောရရင် လိုချင်တယ်။ ဒါ ကြောင့်လည်း ကလေးယူဖို့ စဉ်းစား လိုက်တာပါ။ သုက ကလေးတော့ ချစ်တတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ် ကတည်းကလည်း အဖေက တစ်နှစ်နဲ့ ကိုးလမှာ ကွယ်လွန်သွားပြီးတော့ အမေ မုဆိုးမနဲ့ပဲ နေလာခဲ့ရတယ်။ ပြီးတော့ တစ်ဦးတည်းသောလည်း ဖြစ်တော့ မိသားစု သိုက်သိုက်ဝန်းဝန်း ဘဝ လေးကို တအားလိုချင်တယ်။ ရရင်တော့ မိန်းကလေး လိုချင် တယ်” လို့ ဖနပြွန် သန္ဓေသား ယူဖြစ် ပုံနဲ့ပတ်သက်လို့ ညီညီ မောင် (စမ်းချောင်း)က ပြောပါ တယ်။ သူက ရုပ်ရှင်ကားကြီး မှာ ပါဝင်ရိုက်ကူးဖို့လည်း လက် ခံထားပါသေးတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာတော့ မိတ်ကပ် ခင်စန်းဝင်း၊ မိတ်ကပ်လင်း လင်းတို့နဲ့အတူ ပါဝင်ရိုက် ကူး သွားမှာ ဖြစ်ပါတယ်။

“ရုပ်ရှင်ကတော့ မိန်းမလျာတွေရဲ့ မေတ္တာ တရားကိုပြတဲ့ ဇာတ် လမ်းလေးမို့လို့ ရိုက်ကူး ဖြစ်တာပါ။ ပြီးတော့ဘဝမှာ အမှတ်တရအနေနဲ့ ရုပ်ရှင် ရိုက်ဖူးတယ် ဆိုတာမျိုးဖြစ် အောင်ရိုက်ကူးတာပါ။ နောက် ထပ်တော့ မရိုက်ကူးဖြစ် လောက်တော့ဘူး။ ဒီဇာတ် ကားတစ်ကားပါပဲ။ ဝါသနာ ကတော့ ပါတယ်။ ဒါပေမဲ့ တအားကြီးလည်း မလုပ်နိုင်ဘူး။ ကိုယ်က မိတ်ကပ် ဆရာတစ် ယောက်ဆိုတော့ စနေ၊ တနင်္ဂနွေမှာ အလုပ်တွေ ရှိတယ်။ ဒါပေမဲ့ ရှုတင်က စနေ၊ တနင်္ဂနွေမှာ ရှိတယ်ဆိုလည်း အများနဲ့ အလုပ် လုပ်ရတာဖြစ်တဲ့ အတွက် ခေါ်ပြီဆိုရင် သွားရမှာပဲ လေ။ အဆင်မပြေ လောက်ဘူးထင်တယ် ရေရှည်ဆို ရင်လေ။ ဒီတစ်ကားတောင်မှ တအား ဝါသနာ ပါတာရယ် ကိုယ့်ဘဝမှာ မှတ်တိုင်လေး တစ်ခုဖြစ် ချင်လို့ လုပ် ဖြစ်တာပါ”လို့ ညီညီမောင် (စမ်းချောင်း)က ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည် အထိမ်းအမှတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်သည့် စစ်ရေးပြချီတက်ပွဲအတွင်း တပ်ဖွဲ့ဝင်များကို သမ္မတ ရှီကျင့်ဖျင်က စစ်ဆေးသွားမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သည့်ရှီသည်စစ်ရေးပြပွဲတွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ စစ်ရေးပြချီတက်ပွဲတွင် စစ်သည်များ၊ သံချပ်ကာစစ်ကြောင်းချီတက်ခြင်း၊ လေကြောင်း စုဖွဲ့ပျံသန်းခြင်းနှင့် မောင်းသူမဲ့လေယာဉ်များ၊ ထောက်လှမ်းရေးကိရိယာများအပါအဝင် တို-က်ပွဲဝင်တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းအသစ်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ Ref: ရှင်းဟွာ

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင် အိန္ဒိယတွင် မှတ်ပုံတင်ထားသော သို့မဟုတ် အိန္ဒိယလေကြောင်းလိုင်းများနှင့် အော်ပရေတာများက စီမံခန့်ခွဲသော၊ ပိုင်ဆိုင်သော သို့မဟုတ် ငှားရမ်းထားသော လေယာဉ်များအားလုံး သည် ကန့်သတ်မှုတွင် အကျုံးဝင်သည်။ ကရာချိနှင့် လာဟိုးလေကြောင်းသတင်းအချက်အလက်ဒေသကြီးများပါ အကျုံးဝင် သက်ဆိုင်သော အဆိုပါ အကြံပြုချက်တွင် အိန္ဒိယလေယာဉ်များက ပါကစ္စတန်လေပိုင်နက်အတွင်း ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။ အသစ်ပြင်ဆင်လိုက်သည့် NOTAM သည် ဇူလိုင်လ...

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ ၁၂ နာရီကြာ အပ-စ်ရပ်ကာလနှစ်ခု ပါဝင်ပြီး အရှေ့ပိုင်းအချိန်ဇုန် နံနက် ၁၂ နာရီခန့်တွင် အီရန်၌ စတင်မည်ဖြစ်သည်။ ထို့နောက် ဒုတိယမြောက် ၁၂ နာရီ အပ-စ်ရပ်စဲမှုကို အစ္စရေးက လိုက်နာမည်ဖြစ်သည်ဟု ထရမ့်ပ်က ပြောဆိုသည်။ ၂၄ နာရီ အပ-စ်ရပ်ပြီးနောက်တွင် စစ်ပွဲအဆုံးသ-တ်ကြောင်း တရားဝင်ကြေညာလိမ့်မည်ဟု ထရမ့်ပ်က ပြောကြားသည်။ “အရာရာတိုင်းကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071