Monday, July 13, 2026

တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ ဇူလိုင် ၃၁ ရက်...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် တရားမဝင်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများရှိပါက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာဌာနများသို့ အသိပေးဆက်သွယ်ကြရန်...

ဘဟားမားစ်တွင်လေယာဉ်ငယ်ပျက်ကျ၊ လူ ၁၀ ဦး...

နာဆော၊ ဇူလိုင် ၁၀ ရက် ဘဟားမားစ်နိုင်ငံ၏ မြို့တော် နာဆော ၏ အနောက်ဘက်ရှိ အန်ဒရို့စ်ကျွန်းမြောက်ပိုင်း တွင် သောကြာနေ့က ဖလမ်မင်ဂိုအဲရ်လေကြောင်းလိုင်းကပြေးဆွဲသော လေယာဉ်ငယ်တစ်စင်း...

နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြုခြင်းအလုပ်ရုံဆွေးနွေးပွဲ ဇူလိုင်...

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ်သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်ပြီး နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်ယူအသုံးပြုခြင်းအလုပ်ရုံဆွေးနွေးပွဲကို လာမည့် ဇူလိုင် ၁၅ ရက်တွင် နံနက် ၉...

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် ဆေးရုံများ...

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်ပြီဖြစ်ရာ မြို့ပေါ်သာမက ကျေးရွာများမှ ဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ အဆိုပါဆေးရုံများတွင် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း (၂၈၅)ဦးဖြင့် လူနာပေါင်း...
HomeInternationalဖနောင်ပင်နှင့်ဘန်ကောက်တို့ ကုန်သွယ်ရေးဆက်ဆံမှုတိုးမြှင့်မည်

ဖနောင်ပင်နှင့်ဘန်ကောက်တို့ ကုန်သွယ်ရေးဆက်ဆံမှုတိုးမြှင့်မည်

ဖနောင်ပင်၊ဧပြီ ၂၄

ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် ကမ္ဘာလုံးတစ်ဝန်း၌ဖြစ်ပွါးနေသော ကုန်သွယ်ရေးပွတ်တိုက်မှုများရှိ‌နေချိန်၌ ကုန်သွယ်‌ရေး ဆက်ဆံရေးကို တိုးမြှင့်ရန်သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ‌၌ ပြောကြားခဲ့သည်။

ယခုကတိကဝတ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်နှင့် အလည်အပတ်ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့က ထပ်လောင်းကတိပြုခဲ့ကြခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝန်ကြီးချုပ်နှစ်ဦးသည် လွန်ခဲ့သည့်နှစ်က ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်ရရှိခဲ့သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၌ သိသိသာသာတိုးတက်မှုကို ကျေနပ်အားရမိကြောင်းကိုလည်း မှတ်ချက်ပြုပြောကြားခဲ့ကြသည်” ဟုသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထို့ပြင် ကုန်သွယ်‌ရေးဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ယခုနှစ်အတွင်း သတ္တမအကြိမ်မြောက် ကမ္ဘောဒီးယား-ထိုင်း ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးကို ကျင်းပရန် နှစ်နိုင်ငံသက်ဆိုင်ရာအဖွဲ့အစည်းများအား တိုက်တွန်းအားပေးခဲ့ကြသည်။

ပေတုန်တန်နှင့်တွေ့ဆုံရာ၌ ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဌဆမ်ဒက် တက်ခိုဟွန်ဆန်က တစ်ကမ္ဘာလုံး ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေချိန်တွင် အာဆီယံမူဘောင်များနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်အောက်ရှိ ယန္တရားများကိုအသုံးပြု၍ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏတိုးမြှင့်ရန်မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

RCEP သည် ၂၀၂၂ ခုနှစ်က စတင်အာဏာတည်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် ၎င်းတို့၏ ကုန်သွယ်ဖက်ငါးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နူးဇီလန်တို့ပါဝင်သည် RCEP တွင်ပါဝင်သည်ဟု သိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနီးစခန်းလေဆိပ်သည် ရတနာပုံဆိုက်ဘာစီးတီးကို ကမ္ဘာ့အဆင့်မီ Silicon Valley ဖြစ်စေရေး၏ အဓိကလေကြောင်းတံခါးပေါက်ဖြစ်လာမည်ဟု နိုင်ငံတော်သမ္မတ ပြော

ပြင်ဦးလွင်မြို့ရှိ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးခဲ့သည့် အနီးစခန်းလေဆိပ်သည် ရတနာပုံဆိုက်ဘာစီးတီးကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် အဓိကကျသည့် လေကြောင်းဆက်သွယ်ရေးတံခါးပေါက် ဖြစ်လာမည်ဖြစ်ပြီး အနာဂတ်တွင် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၁၁ ရက်) တွင် ပြောကြားခဲ့သည်။ အနီးစခန်းလေဆိပ်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ပြင်ဦးလွင်မြို့သို့ ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်နိုင်ရေးနှင့် လေဆိပ်တစ်ခု၏ အင်္ဂါရပ်များ ပြည့်စုံစေရေးအတွက် ၂၀၂၃ ခုနှစ်မှစတင်ကာ အဆင့်မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းအရ...

တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား အသိပေးရန် လျှပ်စစ်ဝန်ကြီးဌာန ပန်ကြား

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် တရားမဝင်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများရှိပါက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာဌာနများသို့ အသိပေးဆက်သွယ်ကြရန် အသိပေးပန်ကြားလိုက်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူများ လျှပ်စစ်ဓာတ်အားကို စနစ်တကျနှင့် ချွေတာသုံးစွဲလာစေရေးအတွက် အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် နည်းပညာကြောင့် ဓာတ်အားပျောက်ဆုံးမှုများနှင့် နည်းပညာကြောင့်မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှုများ (ဓာတ်အားခိုးယူသုံးစွဲမှုများ) လျော့နည်းပပျောက်စေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်နေပြီး မသမာသောနည်းလမ်းများဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို အဖွဲ့များဖွဲ့စည်း၍ ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ဖော်ပြထားသည်။ အလားတူ Smart...

ဘဟားမားစ်တွင်လေယာဉ်ငယ်ပျက်ကျ၊ လူ ၁၀ ဦး သေဆုံး

နာဆော၊ ဇူလိုင် ၁၀ ရက် ဘဟားမားစ်နိုင်ငံ၏ မြို့တော် နာဆော ၏ အနောက်ဘက်ရှိ အန်ဒရို့စ်ကျွန်းမြောက်ပိုင်း တွင် သောကြာနေ့က ဖလမ်မင်ဂိုအဲရ်လေကြောင်းလိုင်းကပြေးဆွဲသော လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါလာသူ ၁၀ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။ သတင်းစာရှင်းလင်းပွဲတွင် ဘဟားမားစ်ရဲမင်းကြီး ရှန်တာ နိုးလ်စ် က အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ကိုးဦးနှင့် ပိုင်းလော့တ်တစ်ဦး လိုက်ပါလာခဲ့ကြောင်း ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် လေယာဉ်ပျက်ကျသည့်နေရာ၌ အသက်ရှင်ကျန်ရစ်သည့် လက္ခဏာပြသနေသူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသူမှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071