ဒီတစ်ပတ် ပေါ်ပြူလာ ဂျာနယ်ရဲ့ အထူးအချပ်ပို မျက်နှာဖုံးပိုင် ရှင်ကတော့ နိုင်ငံကျော် မင်းသားကြီး ကျော်ရဲအောင်ရဲ့သမီး မှုံနံ့သာ ကျော်ရဲအောင် ပဲဖြစ်ပါတယ်။ မှုံနံ့သာကျော်ရဲအောင် က အနုပညာ ရှင်သားသမီးများ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ “ဆယ်လီ” ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ပြီး အနုပညာလောက ထဲကို စတင်ဝင်ရောက်လာသူပါ။ ဖခင်ဖြစ်သူ ရဲ့ ဇာတ်ကားတွေကို ငယ်စဉ် ကတည်းက အမြဲကြည့်ရှုခဲ့တဲ့ မှုံနံ့သာကျော်ရဲအောင် အနေနဲ့ ဖခင်ရဲ့ အနုပညာအမွေ ကို မျိုးဆက်သစ် သားသမီး အနေနဲ့ ဆက်ခံမယ်လို့ ဆိုပါတယ်။ ဒါကြောင့် မှုံနံ့သာ ကျော်ရဲ အောင်ရဲ့ အနုပညာ လှုပ်ရှားမှု ခြေလှမ်းသစ်များနဲ့ အနုပညာ အပေါ် ခံယူချက်၊ စိတ်ထားများ အကြောင်း အခုလို မေးမြန်းတင်ဆက်လိုက်ရပါတယ်။
ပထမဆုံး အနုပညာခြေလှမ်း
“ဆယ်လီ” ဇာတ်ကားက ညီမအတွက်တော့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားပါပဲ။ ဇာတ်ကားလေးက ပညာပေးလည်း ဖြစ်တယ်၊ နောက်ပြီး ဦးပေါက်တို့၊ ဦးမိုးဦးတို့က လာကမ်း လှမ်းတဲ့ အတွက် ရိုက်ကူးဖြစ်သွားတာပါ။ ညီမကရှစ် တန်းကျောင်းသူ အရွယ် ဦးရဲအောင်ရဲ့သမီး၊ facebook တွေသုံးပြီး တအားဆိုးတယ်။ သူငယ်ချင်းတွေ နဲ့ လျှောက် သွားပြီး ရည်းစားတွေ လျှောက်ထားတဲ့ ကောင်မလေး နေရာက ပါဝင်ထားပါတယ်။ ဒီဇာတ်ကား ရိုက်ကူးထားတာ တစ်နှစ် မပြည့်သေးပါဘူး။ ညီမ ငယ်ငယ်လေး ကတည်းက ပေါင်းသင်းလာတဲ့ ပင်ကီတို့၊ သက်ထား တို့နဲ့အတူ ဒီဇာတ်ကားရိုက်ကူး ခွင့်ရတာ ကောင်းပါတယ်။ ရိုက်ကူးတဲ့ အချိန်မှာလည်း လူကြီးတွေက သင်ပြကြပါတယ်။ ဒါကြောင့် အခက်အခဲ မရှိဘဲ ဇာတ်ကားရိုက်ကူး နိုင်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်ကား ဆိုတော့ On Scene မှာ ဒိုင်ယာလော့ခ် မှားသွားမှာ တအား စိုးရိမ်ခဲ့တယ်။ အနုပညာရှင် သားသမီးတွေ ပါဝင် ရိုက်ကူးခွင့်ရတာ ရိုက်ကွင်းမှာလည်း ပျော်စရာ ကောင်းတယ်။
ဖခင်ဆီက အနုပညာသွေးပါတဲ့ သမီး
ငယ်ငယ်တုန်းကတော့ ဖေကြီးရဲ့ ရှုတင်တွေကို ညီမလိုက် သွားတယ်။ နယ်ဘက်တွေ သွားလည်း လိုက်သွားတယ်။ အဲဒီ အခါ ရှုတင်မှာ လုပ်နေကြတာတွေကို ညီမတွေ့တယ်။ ဖေကြီး ရိုက်နေတာကို ကြည့်ဖြစ်တယ်။ ဖေကြီးက ညီမကို သီးသန့် သင်ပြတာမျိုးတော့ မရှိပါဘူး။ ဖေကြီးက မင်းသား ဆိုတော့ အိမ်နီးနားချင်းတွေ၊ ကျောင်းတက်တဲ့ အခါတွေမှာ ကျော်ရဲ အောင်ရဲ့ သမီးဆိုပြီး ပြောကြတာမျိုးတွေ ရှိပါတယ်။ ဖေကြီး ရိုက်ထားတဲ့ ဇာတ်ကားတွေ ကိုလည်း ကြည့်ဖြစ်ပါ တယ်။ နောက်ဆုံးဇာတ် ကားကတော့ သူငယ်ချင်း ယောက္ခမ-၂ပါ။ ညီမ ငယ်ငယ်တုန်း ကတော့ ပိုပြီး ကြည့်ဖြစ်တယ်။ ဖေကြီးရဲ့ဇာတ်ကားတွေ ချည်းပဲ ထိုင်ကြည့်နေဖြစ်တယ်။ အနုပညာပိုင်းကို ငယ် ငယ်တုန်းက ပိုပြီး ဝါသနာပါတယ်။ ဖေကြီးရဲ့ ရှုတင်တွေ လိုက်ပြီး ဖေကြီးရဲ့သွေးပါတယ် ထင်တယ်။
ဖခင်နဲ့အတူ ဇာတ်ကားတွေရိုက်ကူး ဖို့ စဉ်းစားနေ
ဖေကြီးက ညီမကို အစစ အရာရာ သင်ပြပါတယ်။ ရုပ်ရှင်ပိုင်း၊ ဇာတ် ကားရိုက်တွေ အားလုံး အကြောင်းတွေကို ပြောပြပါတယ်။ ညီမရဲ့လိုအပ်ချက် တွေကိုလည်း ဖေကြီးက ဖြည့်ဆည်းပေးတယ်။ လိုအပ်တာတွေအားလုံးပါ။ ဖေကြီးက ညီမအတွက်တော့ Hero တစ်ယောက်ပါပဲ။ ဖေကြီးက တစ်ခုခုဆို ညီမတို့ မောင်နှမကို လမ်းမှား မရောက်အောင် ပြောပြပေးတယ်။ အနုပညာ အလုပ်ကို သေသေချာချာ အချိန်ပေးလုပ်ဖို့ ကျတော့ ညီမက အခု ကျောင်း လည်း တက်နေတဲ့ အတွက် ကျောင်းကိုပိုပြီး ဦးစားပေးနေပါတယ်။ နောက် ပိုင်းမှာ ဖေကြီးရွေးပေးတဲ့ ဇာတ်ကားတွေကိုပဲ ဖြစ်ဖြစ်၊ ဖေကြီးနဲ့အတူ ပဲဖြစ်ဖြစ် ရိုက်ကူးဖို့ စဉ်းစားထားပါတယ်။ အခုညီမ က ဒဂုံတက္ကသိုလ်မှာ 1st year Psychology တက်နေပါတယ်။ အသက်ကတော့ ၁၈နှစ် ကျော်ပါပြီ။
သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်
ဖေကြီးနဲ့ အတူတူ ဇာတ်ကား ရိုက်ရရင် ဒရာမာ ဇာတ်လိုမျိုးတွေ သရုပ် ဆောင်ချင်ပါတယ်။ ဟာသ ဇာတ်ကားကတော့ ညီမသိပ်ပြီး သရုပ်မဆောင် တတ်သေးပါဘူး။ ဖေကြီးဆီက အကုန်သင် ယူချင်သေးတယ်။ ဖေကြီးက ဟာသရော၊ ဒရာမာ တွေရော ရိုက်ကူးခဲ့တယ်။ ဒရာမာတော့ ပိုပြီးသင်ယူချင်ပါ တယ်။ ငိုတဲ့အခန်းတွေ ဆိုရင် ညီမ က မျည်ရည်လုံးဝ မထွက်တဲ့ အတွက် ဒရာမာကို ပိုပြီး သင် ချင်တာပါ။ ဆယ်လီဇာတ်ကား ပြန်ကြည့်တော့လည်း ညီမရဲ့ သရုပ်ဆောင်ပိုင်း လိုအပ်ချက် လေးတွေ၊ အိုက်တင်တွေ လို အပ်နေပါသေးတယ်။ ကိုယ်တိုင် သရုပ်ဆောင်တာ ပြန်ကြည့်မိ တော့ နည်းနည်း ရှက်တယ်။ တခြားကတော့ ညီမဓာတ် ပုံရိုက်ရတာ သီချင်းဆိုရ တာ ဝါသနာပါ ပါတယ်။ အဆိုတော် တစ်ယောက် အနေနဲ့ ရပ်တည်ဖို့ တော့ မဟုတ်ပါဘူး။ ညီမက သရုပ်ဆောင် ကောင်းတစ်ယောက် ဖြစ်ချင်တယ်။ အနု ပညာလောက မှာလည်း မဖွေးဖွေး တို့၊ မဝတ်မှုံရွှေရည် တို့ကို အားကျပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း