Saturday, August 1, 2026

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀...

နေပြည်တော်၊ ဩဂုတ် ၁ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊...

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ...

သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos (YG)...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC 2026) ၏ Mobile Legends:...
HomeNewsLocal Newsဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ...

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားဟု နိုင်ငံတော်သမ္မတ ပြောကြား

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးလိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာကြရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့သည်။ အစိုးရရက်ပေါင်း ၁၀၀ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှတစ်ဆင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀ (င) အရ ဆွေးနွေးအတည်ပြုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) တို့ကို NCA အပိုဒ် ၂၀ (စ) နှင့်အညီ ဆွေးနွေးအတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ် အကောင်အထည်ဖော်နိုင်ရန် ငြိမ်းချမ်းရေးရရှိရေးသည် မဖြစ်မနေလိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀ ပြည့်နှစ်တွင် ပျမ်းမျှမျှော်မှန်းသက်တမ်း ၇၅ နှစ်မှ ၈၀ နှစ်အထိ မြှင့်တင်မည်

နေပြည်တော်၊ ဩဂုတ် ၁ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊ ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံသားများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းကို ၇၅ နှစ်မှ ၈၀ နှစ်အကြားအထိ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားရေးနှင့်အတူ...

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး သူ သွားရောက်မည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။       အင်ဒိုနီးရှား ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံစဉ် ပရာဘိုဝိုက ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။       အင်ဒိုနီးရှားသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအားလုံးနှင့် တန်းတူညီမျှ ကောင်းမွန်သော ဆက်ဆံရေးထားရှိကြောင်း ပရာဘိုဝိုက ပြောကြားရင်း ဧပြီလအတွင်း ဆိုးလ်သို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့စဉ် သူ့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။     အင်ဒိုနီးရှားကို အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ လူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် ဧလာဘူတာနှင့် သာဝတ္ထိဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြားသို့ အရောက် ရထားလမ်း အရှေ့ဘက်ခြမ်းမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071