Thursday, February 13, 2025

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက်...

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို...

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့...

ရွှေစက်တော်ဘုရားပွဲသို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ဟု ဂေါပကပြော

မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်တွင်...
HomeNewsFootballပွဲရက်နီးကပ်လာပြီဖြစ်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း...

ပွဲရက်နီးကပ်လာပြီဖြစ်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လေ့ကျင့်ပြင်ဆင်

AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲ ပွဲရက်နီးကပ်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ယနေ့ ဇန်နဝါရီ (၁၁)ရက်၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မြန်မာလက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဇန်နဝါရီ (၁၅)ရက်မှစတင်၍ တရုတ်၊ ဗီယက်နမ်နှင့် မကာအိုအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

ပွဲစဉ် ဇယားအနေဖြင့် ဇန်နဝါရီ (၁၅)ရက်တွင် ဗီယက်နမ်အသင်း၊ ဇန်နဝါရီ (၁၇)ရက်တွင် တရုတ် (တိုင်ပေ)အသင်း၊ ဇန် နဝါရီ(၁၉)ရက်တွင် မကာအိုအသင်းတို့နှင့် အုပ်စုပွဲစဉ်များအနေဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ကစားသမားများစာရင်းတွင် ချောစန္ဒီအောင်(ဂိုး)၊ သရဖီအောင်(ဂိုး)၊ ယဉ်ယဉ်မိုးနိုင် (ဂိုး)၊ ယုမီမီလွင်၊ နန်းဆိုင်မိန်း၊ မေဇင်ဦး၊ ယမင်းသန့်ဇင်၊ ဆုဝါလွင် ၊ ဝတ်ရည်လွင်၊ ယမင်းလွင်၊ မေထက်ပိုင်၊ ဂျိုမိုးညီ၊ ဇင်ငြိမ်းချစ်၊ ဆက်နွယ်နီ၊ နှင်းစန္ဒာလှိုင်၊ သူဇာလှိုင်နှင့် အေး အေးထွေးတို့ကို ရွေးချယ်ထားကြောင်း သိရသည်။

ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကျင်းပသွားမည်ဖြစ်ကာ (၁၉) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၅) သင်း (၃) အုပ်စု၊ (၄) သင်း (၁) အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ခြေစစ်ပွဲ အုပ်စု (၄) ခုမှ ထိပ်ဆုံးရပ်တည်မှု (၂ ) သင်းစီ(၈သင်း)နှင့် အုပ်စု (၄)ခုမှ အကောင်းဆုံး အုပ်စု တတိယရအသင်း စုစုပေါင်း (၉)သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်နှင့် ဒုတိယရ ဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေ စစ်ပွဲအောင် (၉)သင်း၊ စုစုပေါင်း အသင်း (၁၂) သင်းဖြင့် မေ(၇) မှ (၁၈) ရက်အထိ ကျင်းပသွားမည်ဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ရာ၌ ဖေဖော်ဝါရီလ (၁) ရက်မှ စတင်ကာ ဩဂုတ်လကုန်အထိ (၇) လ ကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁.၁၁)သန်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက် ခွဲတိုက်ခိုက် ကျောင်းသားကလေးငယ်(၂)ဦးဒဏ် ရာရ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်မွန်းတည့် ၁၂ နာရီခန့်က မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အ.ထ.က (တုံးဗျောကြီး)မှ မူလတန်းပြဆရာ(၁)ဦးနှင့် ကျောင်းသား(၆)ဦးတို့သည် စာမေးပွဲများဖြေဆိုရန်လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အ.ထ.က(တောင်ဖီလာ)သို့ ကား (၁)စီးဖြင့် ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။ ထိုသို့ ထွက်ခွာလာစဥ် တောင်ပုကျေးရွာအနီးအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လိုက်ပါလာသည့် မူ လတန်းပြဆရာနှင့် ကျောင်းသားများအနက်...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို ပ‌ ပျောက်ရေး နှိမ်နင်းရန် အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ကျားဖြန့်နှင့် လူမှေ-ာင်ခိုပ‌ပျောက်ရေး နှိမ်နင်းရန်အတွက် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖွဲ့စည်းရာ၌ ကြီးကြပ်ရေးနှင့်ပြန်လည်ပို့ဆောင်ရေး အဖွဲ့(၄)ဖွဲ့ခွဲ၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ ၊ အဖွဲ့(၁)တွင် ဗိုလ်မှူးကြီး စောဒိဒိ ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇)ဦး၊ အဖွဲ့(၂)တွင် ဗိုလ်မှူးကြီးစောဆန်းလင်း ခေါင်းဆောင်သည့် အဖွဲ့ဝင်(၇)ဦး၊ အဖွဲ့(၃)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071