ကန်ချနဘူရီ ပြည်နယ် အဝေးပြေးကားလမ်း ရဲတပ်ဖွဲ့သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်လာသည့် ပစ်ကပ်ကားကို နောက်မှလိုက်ရာပစ်ကပ်
ယာဉ်မောင်းက ဒေသခံကားကို ဝင်တို-က်ပြီးနောက် မြစ်ထဲထိုးကျသွားခဲ့သည်။ယာဉ်မောင်းက ယာဉ်ပေါ်မှ ခုန်ချ၍ဝိုင်းယိုင်မြစ်ကို ဖြတ်ကူး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ယာဉ်ပေါ်ပါလာသည့်အမျိုးသား၊ အမျိုးသမီးနှင့် ကလေ-းငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးကိုတာဝန်ရှိသူများက မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရန်ကုန်မှဖြစ်ပြီး ဆန်ခလာဘူရီခရိုင် နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး မှောင်ခိုပွဲစားများအား တစ်ဦးလျှင် ဘတ်ငွေ ၈၅,၀၀၀ ပေးရကြောင်း သိရသည်။
အရွယ်ရောက်ပြီးသူအားလုံးကို ထိုင်းနိုင်ငံ၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် တရားစွဲဆိုထားသည်။ ရေကူးထွက်ပြေးလွတ်မြောက်သွားသည့် ယာဉ်မောင်းအား ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
Ref: khaosod