မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချမှုရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီအရောင်းဆိုင်များအားစစ်ဘဆေးခဲ့ကြပြီးနောက် လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ စားအုန်းဆီများကိုရောင်းချရာ၌ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း စနစ်တကျရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
